ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတချို့ကို ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေအတွင်း ကျင်းပပြုလုပ်ခဲ့တာပါ။

ကိုယ်ကျိုးမဖက် အနစ်နာခံ စွန့်လွှတ်ပြီး တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတစ်ယောက်ကို လူငယ်လူရွယ်တွေ လေးစားအတုယူနိုင်စေဖို့ ဗိုလ်ချုပ်သက်ရှိထင်ရှား မရှိတော့ပေမယ့် ဒီနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းက တပ်ဖွဲ့ဝင်ရဲဘော်တွေကလည်း တော်လှန်ရေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တွေကို မနက်ပိုင်း အဆာပြေ ပဲပြုတ်၊ နံပြားနဲ့ နေ့လည်စာ ဒန်ပေါက်ထမင်းတွေ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းနှင့် မကွေးတွင် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် ၇၇ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့ အခွင့်အရေး” ဖြစ်ပြီး လှုပ်ရှားမှုအဖြစ် လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်း၊ အဓိပ္ပာယ်နဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပေါ်လာပုံတွေ၊ စာပိုဒ်အပါအကြောင်းအရာတွေ၊ လူတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေး အမျိုးအစားတွေကို ကဏ္ဍအလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ တော်လှန်ရေးခရီး ‘ဆက်လျှောက်’ ကြဖို့ တိုက်တွန်းလှုပ်ရှားမှု

၂၀၂၄ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၅ ကို ရောက်လာချိန်မှာလည်း အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံဘဲ အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ Keep Moving On - ဆက်လျှောက် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို နှစ်သစ်ရဲ့အစ ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ထိန်းချုပ်၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ရင်းကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။