မန္တလေးတိုင်း မြင်းခြံခရိုင် ငါးဇွန်မြို့နယ် ငါန်းမြာကြီးမြို့အရှေ့ဘက် လယ်တီဘုန်းတော်ကြီးကျောင်းအတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေခဲ့တယ်လို့ ငါန်းမြာကြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ငါန်းမြာကြီးမြို့အရှေ့ဘက် လယ်တီဘုန်းတော်ကြီးကျောင်းအတွင်း မွေနှောက်ပြီး အထိုင်ချဖို့လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူယူကာ ငါန်းမြာကြီးမြို့အတွင်း ကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ငါန်းမြာကြီးပြည်သူကာကွယ်ရေး၊ မြင်းခြံခရိုင်တပ်ရင်း ၆နဲ့ zeroပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြာကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီသယ် ယာဉ် ၄၃ စီးနဲ့ သံပြားကာယာဉ် ၅ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး ပဒေသာပွိုင့် ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၁၃ ရက် မနေနံနက်အစောပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်သားများ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ ၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်ရှိ တဂဏန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း-၂၆ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့ တ‌ညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ကော်မတီဝင်တွေက ပြည်သူ့အာဏာ (People's Power) အမှတ်အသားပါ စာရွက်တွေ ကြဲချပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို မနေ့က အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်ပြန်လာသည့် မိုးညှင်း K-PDF ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ မိုးညှင်း K-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မိုးညှင်းမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။