ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီးလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှာ တာဝန်ချခံထားရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီ ၁၂ ရက် မနေ့က MA 3 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၉၇ တောင့် တို့ကို ယူဆောင်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်းအနေနဲ့ အလင်းဝင်လာသူ ၂ ယောက်ကို ဘေးကင်းတဲ့နေရာဆီ ပို့ဆောင်ကာ မြန်မာကျပ်ငွေ ဆယ်သိန်းကို ကနဦး ချီးမြှင့်ခဲ့သလို ပြည့်သူရင်ခွင်နဲ့ ချိတ်ဆက်ကာ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ အလင်းဝင်ရောက်လာသူ ၂ ဦး

အကြမ်းဖက်စစ်ကောင်စီက အလိုမတူပဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူတွေအနေနဲ့ တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ဖို့လည်း ပဲခူးခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုး အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်တော်တော်များများ ရှေ့တန်းစစ်မျက်နှာမှာ ထိခိုက်သေဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်တပ်လက်အောက်ကနေ အမြန်ဆုံးထွက်ပြေးဖို့ကြိုးစားသင့်ပြီး တော်လှန်ရေးတပ်တွေဆီ ကြိုတင်ချိတ်ဆက်ထားတာမျိုးတွေ လုပ်ဆောင်ထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း ထုတ်ပြန်ထားပါသေးတယ်။

ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ အလင်းဝင်ရောက်လာသူ ၂ ဦး
0 Shares:
You May Also Like
Read More

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတဲ့ ပြဿနာ ကြီးထွားလာနေ…

မြန်မာနိုင်ငံတဝှမ်းမှာ ယခုလို မတည်မငြိမ်ကာလတွေအတွင်း အမျိုးသမီးငယ်တွေကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားနေမှုဟာ စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတယ်လို့ ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) က ထုတ်ဝေထားတဲ့ “တရုတ် ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
Read More

ငလျင်ဘေးနဲ့ ကြုံနေရချိန် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု ၉၂ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၇၀ ကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကချင်နှင့် ယောဒေသ စစ်မျက်နှာပြင်များတွင် ဂန့်ဂေါခရိုင်တပ်ရင်းများမှ အင်အား ၅၀၀ ကျော် ဖြန့်ကျက် တိုက်ပွဲဝင်နေ

ယောဒေသအတွင်းနဲ့ ကချင်စစ်မျက်နှာပြင်တွေမှာ ဂန့်ဂေါခရိုင်တပ်ရင်းတွေက အင်အား ၅၀၀ ကျော် ဖြန့်ကျက်ပြီး တာဝန်ထမ်းဆောင်နေတယ် လို့ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီလ ၁ ရက် မနေ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။