အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းတွေဆီ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ လိုက်လံတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီခရီးစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေကို PDF တပ်ရင်းတာဝန်ရှိသူတွေက မြေပြင်အခြေအနေတွေ၊ စစ်ဆင်ရေးအခြေအနေတွေနဲ့ PDF တပ်ရင်းတွေရဲ့ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ စစ်တောင်းမြစ်အလွန်ဒေသတွေကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေက သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် PDF တပ်ရင်းတွေရဲ့ လတ်တလော လိုအပ်ချက်တွေအတွက် ဝန်ကြီးချုပ်ရုံးက ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပြီး အနာဂါတ် စစ်ဆင်ရေးတွေအတွက် အရေးတကြီးလိုအပ်ချက်တွေကို အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ် ပေါက်ကွဲသံကြားပြီးနောက် စစ်အုပ်စု ကျင်းပသည့် သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။