စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်သား အယောက် ၂၀ ခန့်ဟာ အာရက္ခတပ်တော် (AA)ထံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်ကတည်းက လက်နက်ချ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ တပ်မ(၉၉)၊ အမှတ်(၉၉၂) ရဲ့ ယာယီနည်းဗျူဟာမှူးဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့တပ်ရဲ့ လေ့ကျင့်သားပြည့်ဝမှု အားနည်းပါတယ်… အဓိကအရေးအကြီးဆုံးကတော့ တိုက်လိုခိုက်လိုစိတ် နည်းပါးပါတယ်…. တိုက်ရည်ခိုက်ရည်လည်း အားနည်းပါတယ်… စိတ်ဓာတ် အားနည်းပါတယ်၊ အဲဒီအချက်ကြောင့် လက်ရှိ ဘယ် တိုက်ပွဲမှာပဲ ဘယ်နေရာမှာပဲ ရင်ဆိုင်၊ ရင်ဆိုင် ကျနော်တို့ရှုံးနိမ့်နေဦးမှာဖြစ်ပါတယ်” လို့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်က အာရက္ခမင်းသမီးမီဒီယာက ထုတ်လွှင့်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ဝန်ခံပြောဆိုထားတာ ဖြစ်ပါတယ်။

သူနဲ့အတူ အင်အား ၃၆၀ ကျော်ဟာ ရမည်းသင်းအခြေစိုက် စစ်အခြေခံလေ့ကျင့်တပ်မှာ နှစ်ပတ်ကြာ လေ့ကျင့်ခဲ့ပြီးနောက် ရခိုင်-မကွေးအစပ် အမ်း-ပဒါန်း လမ်းပိုင်းကို ဇန်နဝါရီ ၁၂ ရက်မှာ စတင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ အင်အား ၇၀ ကျော်သာ ကျန်ရှိတော့တဲ့အပြင် သူကိုယ်တိုင်လည်း ခြေထောက် ၂ဖက်လုံးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပေမယ့် ကယ်ထုတ်ပေးမယ့်သူ မရှိခဲ့ဘူးလို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်ကို အာရက္ခတပ်တော် (AA) က ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဆေးကုသမှုတွေလည်း ပေးထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်မှာ သန်း​ခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲခံရပြီး ရဲ ၂ ယောက်သေ၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်ကောက်တဲ့ အကြမ်းဖက်စစ်တပ်၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် ရဲ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်ချိန် ရှမ်းမြောက်မှာ အရပ်သားပြည်သူ ၁၀၀၀ကျော် ထိခိုက်သေဆုံးခဲ့

"၁၀၂၇ စစ်ဆင်ရေး"  တစ်နှစ်ပြည့်မြောက်ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN)က ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြား၊ USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) မှ ရဲဘော် ၁ ဦး ကျဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်တပ်တွေ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ရကြောင်း United States Of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။