ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF)က အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၁)ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါအခမ်းအနားကို ဒေါနတပ်ရင်းတာဝန်ရှိသူတွေ၊ KNLA တပ်ရင်း (၂၇) တာဝန်ရှိသူတွေနဲ့ ဒေသတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

SOF သင်တန်းမှာ ခေါင်းဆောင်မှုထူးချွန်ဆုရသူနဲ့ ရေးပြောက်ကျားတပ်က ထူးချွန်သူတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးရဲဘော်များ ပစ်ခတ်တဲ့ ဒရုန်း‌ကြောင့် ရွှေဘို သီလုံးရွာက ပျူခေါင်းဆောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့လို့ ပျုခေါင်းဆောင် ၁ဦး သေဆုံးပြီး၊ ပျူစောထီး ၄ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Shwebo Crocodile က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ပြလုပ်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ၁၀ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ..

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် BGF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ BGF အကြမ်းဖက်စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။