ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

မဟာမိတ်တပ်တွေနဲ့အတူ ၇ လကြာတိုက်ခိုက်ခဲ့ပြီး ပြန်လာကြတဲ့ ရဲဘော်တွေ ကို ရေဦးပကဖ၊ ရေဦးပအဖနဲ့ ရပ်ကျေးပြည်သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း YEU PDF ရွှေဘိုခရိုင် တပ်ရင်း(၁၄) က တပ်ရင်းတစ်ရင်းလုံးပါဝင်တိုက်ခိုက်ခဲ့ ပြီး ရဲဘော် ၃ ယောက်ကျဆုံးခဲ့ကာ ၂ ယောက် ပြင်းထန်ဒဏ်ရာနဲ့ ၈ ယောက် အသေးစားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Myint Htwe

0 Shares:
You May Also Like
Read More

မုံရွာမြို့ နမခမှ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ် ၂၄ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ မိုင်း ၄ လုံးတစ်ပွိုင့်နဲ့ ၃ လုံးတစ်ပွိုင့်အသုံးပြုပြီး ၄စီးမြောက်ယာဉ်နဲ့ ၄ စီးမြောက်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကူမှာ စစ်တပ်ရဟတ်ယာဉ်များ တိုက်ခိုက်ခံရသည့် ရုပ်/ သံ ဖိုင်

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ထောက်ပံ့ရေးပြုလုပ်နေတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် Rဇာနည်၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

မကြာခင် အသက် ၈၀ ပြည့်မြောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အဆိုတော် R ဇာနည်က အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်းစကား မ ပြောကြားခဲ့ပါတယ်။
Read More

စစ်ရေးအရှိန်အဟုန်မြင့်လာချိန် ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ရေး “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့” ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေကို Equipment ၊ Helmet  နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက်  "အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့ "ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

ယင်းမာပင် စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၃ ရက်က ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF အဖွဲ့ထံက သိရပါ တယ်။