ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ခြမ်းရှိ တရုတ်ငွေလိမ်ဂိုဏ်းတွေရဲ့ ကျားဖြန့်လုပ်ငန်းတွေ မလည်ပတ်နိုင်အောင် ဖေဖော်ဝါရီလ ၅ ရက်ကစလို့ မြဝတီဒေသကို လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ကန့်သတ်ဖြတ်တောက်ပြီးနောက် BGF ဘက်က အထူးအဖွဲ့ ဖွဲ့စည်းကာ ကျားဖြန့်နှိမ်နင်းမယ်လို့ ပြောလာတာပါ။

BGF ရဲ့ အထူးအဖွဲ့မှာ လူကုန်ကူးခံရသူတွေကို ပြန်လည်ပို့ဆောင်ပေးဖို့ စီမံမယ့်အဖွဲ့နဲ့ လက်အောက်ခံ အဖွဲ့ငယ် ၃ ဖွဲ့ကို BGF တပ်အရာရှိတွေအပါအဝင် လူ ၂၇ ယောက်နဲ့ ဖွဲ့စည်းလိုက်ခဲ့တာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် BGF တပ်ရင်း အမှတ်(၁၀၁၇) ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဒိဒိက ဦးဆောင်မယ်လို့ သိရပါတယ်။

၂၀၂၃ ဇန်နဝါရီလအတွင်းက စစ်ခေါင်းဆောင်ကပေးသည့် သီရိပျံချီဘွဲ့ကို ဗိုလ်မှူးကြီးစောချစ်သူ နေပြည်တော်တွင် လက်ခံရယူစဉ် (ဓာတ်ပုံ စစ်ကောင်စီပြန်ကြားရေး)

ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်မြို့သစ်မှာ BGF က ကျားဖြန့်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားနေပေမယ့် လက်ရှိမှာတော့ မြ၀တီမြို့နယ်အတွင်းက ကျားဖြန့် မှောင်ခိုလူကုန်ကူးမှုတွေကို နှိမ်နင်းသွားမယ်လို့လည်း BGF က ပြောကြားထားပါတယ်။ 

ဇန်နဝါရီလအတွင်း BGF ထိန်းချုပ်နယ်မြေထဲမှာ တရုတ်မင်းသားနဲ့ တရုတ်နိုင်ငံသားအချို့ လူကုန်ကူးခံရပြီးနောက် တရုတ်နိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ ထိုင်းနဲ့ မြန်မာကို ပိုမိုဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ဆေးဝန်ထမ်းဌာနက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို တပ်ရင်း ခမ်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် KNDF တပ်ရင်းအမှတ် (၃၄) မှ ရဲဘော် ခူးမီရယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၃၄)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ 
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။