ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် မနေ့က နေ့လည်ပိုင်းမှာ သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့ ရာအိမ်မှူးအပါ ၃ ယောက်ကို ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်မှာ အိမ်ရှင်အမျိုးသားဖြစ်သူက ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တာပါ။

အိမ်ရှင်အမျိုးသားဟာ ရာအိမ်မှူးနဲ့အဖွဲ့ကို တိုက်ခိုက်မှုခဲ့ပြီးနောက် ချက်ချင်းထွက်ပြေးသွားသလို တိုက်ခိုက်ခံခဲ့ရတဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကတော့ ရပ်ကွက်နေထိုင်သူတွေ ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးတာကြောင့် အသက်မသေဘဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရသူတွေဟာ ကြည်စုရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ဘော်လန်တီယာအဖြစ်လိုက်ပါသူ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရာအိမ်မှူးဖြစ်သူကတော့ ဒဏ်ရာများတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လူမှုကူညီရေးအဖွဲ့)

0 Shares:
You May Also Like
Read More

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်မှုကို စစ်ကောင်စီ ပိုမိုတင်းကြပ်နေ

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်အလုပ်လုပ်သူတွေကို လုံး၀ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ PV ပက်(စ်)ပို့ ကိုင်ဆောင်သူတွေကို အလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့်ပြုမှုကို…
Read More

ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ပျက်စီးပြီး အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ပွဲတွေကနေ လုံခြုံရာရွှေ့ပြောင်းလာမှုကြောင့် ရန်ကုန်မြို့က အိမ်ရာဈေးတွေ မြင့်တက်လာ

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာတာကြောင့် ကျေးလက်နေပြည်သူအများအပြား မြို့ပြဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာကြတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။ မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို ပြောင်းရွှေ့လာကြပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။