ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ တနင်္လာနေ့ညက Khao Kho ခရိုင်၊ Rim Si Muang ခရိုင်ခွဲနေ ဒေသခံထိုင်းနေအိမ်ကို မောပန်းနွမ်းနယ်နေပုံရသူ နိုင်ငံခြားအမျိုးသားနှစ်ယောက် ချဉ်းကပ်လာပြီး အစားအစာ လာရောက်တောင်းရမ်းကြောင်း အာဏာပိုင်တွေကို သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အမျိုးသားနှစ်ယောက်ဟာ ဘာသာစကား အကန့်အသတ်တွေကြားက အနီးအနားမှာပုန်းအောင်းနေတဲ့ သူတို့အဖော်တွေရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာက အာဏာပိုင်တွေက ရှာဖွေခဲ့ရာမှာ မြန်မာနိုင်ငံသား အသက် ၁၈ မပြည့်သေးသူ ၃၈ ယောက်၊ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၅ ယောက်၊ စုစုပေါင်း ၅၇ ယောက်ကို တွေ့ရှိခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် Phetchabun Province၊ Rim Si Muang ခရိုင်ခွဲ၊ Khao Kho မှာ ပွဲစားများ စွန့်ပစ်ခံရ၍ အစာရေဆာပြတ်လတ်နေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်း အာဏာပိုင်တွေက မေးမြန်းနေစဉ်​ (ဓာတ်ပုံ Khaosod English)

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါ ရွှေ့ပြောင်းမြန်မာအဖွဲ့ဟာ ထိုင်းနယ်စပ်၊ မဲဆောက်ခရိုင်မှာရှိတဲ့ သဘာဝလမ်းကြောင်းကနေ ထိုင်းကိုတရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ ပတ္တရားမြို့မှာ အလုပ်လုပ်ရမယ်ဆိုပြီး သူတို့ကို Nakhon Sawan ခရိုင်ဆီ ထရပ်ကားနဲ့ ပို့ဆောင်ခဲ့ကြောင်း၊ ဒါပေမယ့် လမ်းခုလတ် Khao Kho ဒေသမှာပဲ ပွဲစားတွေက စွန့်ပစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

အလားတူ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း Tha ခရိုင်မှာလည်း ထိုင်းရဲတပ်ဖွဲ့က တရားမဝင်ရွှေ့ပြောင်း မြန်မာအမျိုးသား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ဆိုချက်တွေအရ သူတို့ဟာ ဖေဖော်ဝါရီလ ၉ ရက်က မဲဆောက်ကနေ ဝင်ရောက်လာတဲ့ လူ ၄၀ နီးပါးပါရှိတဲ့ အဖွဲ့တစ်ဖွဲ့ကဖြစ်ကြောင်း၊ သူတို့ကိုလည်း အလုပ်လုပ်ဖို့ နောက်ထပ်တနေရာပို့ပေးမယ်ဆိုပြီး ပွဲစားတွေက လိမ်လည်ကာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စွန့်ပစ်ထားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ရွှေ့ပြောင်းမြန်မာတွေထဲက တစ်ယောက်မှ တရားဝင်အထောက်အထားမရှိတာကြောင့် ရွှေ့ပြောင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒေသခံအာဏာပိုင်တွေအနေနဲ့ သူတို့ကို သယ်ဆောင်ပြီး စွန့်ပစ်ခဲ့တဲ့ လူကုန်ကူးကွန်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် Phetchabun Province၊ Rim Si Muang ခရိုင်ခွဲ၊ Khao Kho မှာ ပွဲစားများ စွန့်ပစ်ခံရ၍ အစာရေဆာပြတ်လတ်နေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်း အာဏာပိုင်တွေက မေးမြန်းနေစဉ်​(ဓာတ်ပုံ Khaosod English)
၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် Phetchabun province၊ နောင်ငွခရိုင်ခွဲ၊ မိုင်းခရိုင်က လမ်းတခုမှာ လူကုန်ကူးသူများ၏ စွန့်ပစ်မှုကို ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းရဲများက ဖမ်းဆီးလိုက်စဉ် (ဓာတ်ပုံ Khaosod English)

မူရင်းသတင်း – DESPERATE AND HUNGRY: 60 MYANMAR MIGRANTS SEEK HELP FROM THAI LOCALS

0 Shares:
You May Also Like
Read More

AUN-Japan ၏ နှစ်ပတ်လည် ညီလာခံအခမ်းအနား နှင့် ၂၀၂၅ /၂၀၂၆ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနား

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) AUN-Japan ရဲ့ နှစ်ပတ်လည် ညီလာခံအခမ်းအနားနဲ့ ၂၀၂၅/၂၀၂၆ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက ဇွန်လ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုသည်ဟု အတည်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက် အသိအမှတ်ပြုကြောင်း နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကတဆင့် အတည်ပြုခဲ့ပါတယ်။
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။