ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီးလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှာ တာဝန်ချခံထားရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီ ၁၂ ရက် မနေ့က MA 3 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၉၇ တောင့် တို့ကို ယူဆောင်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်းအနေနဲ့ အလင်းဝင်လာသူ ၂ ယောက်ကို ဘေးကင်းတဲ့နေရာဆီ ပို့ဆောင်ကာ မြန်မာကျပ်ငွေ ဆယ်သိန်းကို ကနဦး ချီးမြှင့်ခဲ့သလို ပြည့်သူရင်ခွင်နဲ့ ချိတ်ဆက်ကာ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ အလင်းဝင်ရောက်လာသူ ၂ ဦး

အကြမ်းဖက်စစ်ကောင်စီက အလိုမတူပဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူတွေအနေနဲ့ တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ဖို့လည်း ပဲခူးခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုး အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်တော်တော်များများ ရှေ့တန်းစစ်မျက်နှာမှာ ထိခိုက်သေဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်တပ်လက်အောက်ကနေ အမြန်ဆုံးထွက်ပြေးဖို့ကြိုးစားသင့်ပြီး တော်လှန်ရေးတပ်တွေဆီ ကြိုတင်ချိတ်ဆက်ထားတာမျိုးတွေ လုပ်ဆောင်ထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း ထုတ်ပြန်ထားပါသေးတယ်။

ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ အလင်းဝင်ရောက်လာသူ ၂ ဦး
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။
Read More

ဘားအံတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း လူ ၄၀၀၀ ခန့် ချီတက်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများစွာ ဆန္ဒပြခဲ့ကြတယ်လို့ ကရင်လူငယ်အစည်းအရုံး (KYO) က ဖော်ပြထားပါတယ်။