စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်သား အယောက် ၂၀ ခန့်ဟာ အာရက္ခတပ်တော် (AA)ထံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်ကတည်းက လက်နက်ချ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ တပ်မ(၉၉)၊ အမှတ်(၉၉၂) ရဲ့ ယာယီနည်းဗျူဟာမှူးဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့တပ်ရဲ့ လေ့ကျင့်သားပြည့်ဝမှု အားနည်းပါတယ်… အဓိကအရေးအကြီးဆုံးကတော့ တိုက်လိုခိုက်လိုစိတ် နည်းပါးပါတယ်…. တိုက်ရည်ခိုက်ရည်လည်း အားနည်းပါတယ်… စိတ်ဓာတ် အားနည်းပါတယ်၊ အဲဒီအချက်ကြောင့် လက်ရှိ ဘယ် တိုက်ပွဲမှာပဲ ဘယ်နေရာမှာပဲ ရင်ဆိုင်၊ ရင်ဆိုင် ကျနော်တို့ရှုံးနိမ့်နေဦးမှာဖြစ်ပါတယ်” လို့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်က အာရက္ခမင်းသမီးမီဒီယာက ထုတ်လွှင့်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ဝန်ခံပြောဆိုထားတာ ဖြစ်ပါတယ်။

သူနဲ့အတူ အင်အား ၃၆၀ ကျော်ဟာ ရမည်းသင်းအခြေစိုက် စစ်အခြေခံလေ့ကျင့်တပ်မှာ နှစ်ပတ်ကြာ လေ့ကျင့်ခဲ့ပြီးနောက် ရခိုင်-မကွေးအစပ် အမ်း-ပဒါန်း လမ်းပိုင်းကို ဇန်နဝါရီ ၁၂ ရက်မှာ စတင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ အင်အား ၇၀ ကျော်သာ ကျန်ရှိတော့တဲ့အပြင် သူကိုယ်တိုင်လည်း ခြေထောက် ၂ဖက်လုံးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပေမယ့် ကယ်ထုတ်ပေးမယ့်သူ မရှိခဲ့ဘူးလို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်ကို အာရက္ခတပ်တော် (AA) က ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဆေးကုသမှုတွေလည်း ပေးထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာအပါ လက်နက်ကြီးငယ် (၄၂) လက်ခန့် သိမ်းဆည်းရရှိ၊စစ်တပ်က ဗိုလ်မှူး (၁) ဦးနဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် (၂၉) ဦး သေဆုံးကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၈ လက်အောက်ခံ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို)က ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

စစ်စခန်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ထိုးစစ်ကို စပါးရိတ်သိမ်းရာသီနှင့် စစ်ရှောင်အခက်အခဲများကြောင့် ရပ်ဆိုင်းထား

အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။