သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေဘဲ၊ မီးခိုးမထွက်တဲ့ စွမ်းအင်လို့ လူသိများတဲ့ နေရောင်ခြည်စွမ်းအင်(ဆိုလာပါဝါ) ကို မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကတော့ ၎င်းတို့အကျိုးစီးပွားအတွက် စတင်အသုံးချလာပြီဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးကို ဆိုးဆိုးရွားရွားလျှပ်စစ်မီးမပေးနိုင်တော့တဲ့ စစ်ကောင်စီက နိုင်ငံကို လျှပ်စစ်မီးအပြည့်အ၀မပေးနိုင်မှုအပေါ် တာဝန်ခံပြောကြားဝန်ခံခြင်းမရှိဘဲ ပြည်သူတွေကို ဆိုလာစနစ်တပ်ဆင်ဖို့ ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်ပြောကြားလေ့ရှိပါတယ်။

တကယ်တမ်းမှာတော့ ဆိုလာစနစ်ဟာ မြန်မာပြည်ရဲ့ လက်ရှိ ကျဆင်းနေတဲ့ စီးပွားရေးအခြေအနေအရ လူတန်းစား အစုံ အသုံးပြုတပ်ဆင်နိုင်ခြင်းမရှိဘဲ ငွေကြေးတတ်နိုင်သူအချို့သာ လျှပ်စစ်မီးမလာမှုကို ဆိုလာနဲ့ ဖြေရှင်းနေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီလိုအခြေအနေမှာ အခွင့်အကောင်းယူကာ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို ဆိုလာစနစ်တပ်ဆင်ဖို့ တသွင်သွင်သာ ဖိအားပေးပြောဆိုလျက်ရှိတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အချိန်မီပြန်လည်ပြုပြင်ဖို့ထက် ကုန်ကျစရိတ်များပြားတဲ့ ဆိုလာဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်မယ်လို့ မကြာခဏပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆိုလာဓာတ်အားပေးစီမံကိန်း တွေ လုပ်ဆောင်လိုပါက  စစ်ကောင်စီက ချေးငွေကိုပင်ထုတ်ချေးပေးမယ်လို့ လုပ်ငန်းရှင်တွေကို စည်းရုံးပြောဆိုပါတယ်။ 

စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ကလည်းပြောကြားလေ့ရှိပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၁၅ ရက်တွင်ဝန်ကြီးဦးသောင်းဟန်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှုစဉ်
၂၀၂၂ ခုနှစ်၊ မေလ ၁၅ ရက်တွင်ဝန်ကြီးဦးသောင်းဟန်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှုစဉ်

နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ် တပ်ဆင်အသုံးပြုမှုကို နမူနာယူပြီး လုပ်ငန်းရှင်တွေလည်း ဆိုလာတပ်ဆင်သင့်ကြောင်း စိုးဝင်းက ဆိုပါတယ်။

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ဖေဖော်ဝါရီ ၅ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လုပ်ငန်းရှင်တွေကို ဝါဒဖြန့် ပြောဆိုခဲ့တာပါ။

စွမ်းအင်လောင်စာ ကုန်ကျသက်သာပြီး သဘာ၀ကရရှိတဲ့ ဆိုလာဟာ လျှပ်စစ်စွမ်းအင်အတွက် ကောင်းမွန်စွာ အသုံးချသင့်ပေမယ့်  မြန်မာနိုင်ငံလို လက်ရှိအခြေအနေမျိုးမှာ သုံးစွဲဖို့ ကုန်ကျစရိတ်အားဖြင့် မလွယ်ကူသေးဘဲ အခက်အခဲအချို့ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက်က နေရောင်ခြည်သုံးစွမ်းအင်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို ဥရောပနိုင်ငံအချို့နဲ့ လုပ်ဆောင်ဖို့စီစဉ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းအစီအစဉ်အချို့ ရပ်တန့်ခဲ့ရပါတယ်။

လက်ရှိမှာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ ၁၃၃ ဒသမ ၄၄ ဧကပေါ်က ဆိုလာစီမံကိန်း ကိုလုပ်ဆောင်ဖို့ စစ်ကောင်စီက စီစဉ်နေပြီး စီမံကိန်းဟာ အချိန်မီပြီးစီးနိုင်ခြင်းမရှိသေးပါဘူး။

မင်းအောင်လှိုင်၏ သမီး (ဝဲဘက်)၊ သားနဲ့ချွေးမ (ယာဘက်)

သပြေဝ စီမံကိန်းဟာ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ နှစ်သိန်းကျော်ခန့်ထုတ်လုပ်နိုင်ကာ မြန်မာနိုင်ငံတွင် ဒုတိယမြောက်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဆိုလာနဲ့ပတ်သက်တဲ့ စီမံကိန်းတွေ ဆက်စပ်ဆိုလာပစ္စည်းတင်သွင်းခွင့်တွေကို ၎င်းတို့ရဲ့ မိသားစုတွေနဲ့ ဆက်စပ်ပတ်သက်သူတွေကို လုပ်ပိုင်ခွင့်ချထားပေးမှုတွေဟာ ဆိုလာစီမံကိန်းတွေကို အကြောင်းပြပြီး ဖြစ်ပေါ်လာနိုင်ချလည်း ရှိနေပါတယ်။စစ်ခေါင်းဆောင် ဗမင်းအောင်လှိုင်၏ သား အောင်ပြည့်စုံပိုင် Golden Future Linkage ကုမ္ပဏီက မန္တလေးတိုင်း၊ သာစည်မြို့နယ်တွင် ဆိုလာစီမံကိန်းတခု တည်ဆောက်ရန် ဖခင်ဖြစ်သူ ဥက္ကဋ္ဌ တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ခွင်ပြုချက်တောင်းခံထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ 

အောင်ပြည့်စုံ၏ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အခြေစိုက် Golden Future Linkage ကုမ္ပဏီက တရုတ်ကုမ္ပဏီ China Energy Engineering Corporation Limited (CEEC) နှင့် ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို သာစည်မြို့နယ် ညောင်ပင်သာကျေးရွာနှင့် သပြေဝကျေးရွာ အုပ်စုရှိ မြေ၂၃၀ ဧကပေါ်တွင် အကောင်အထည် ဖော်သွားဖို့ ခွင့်ပြုချက်တောင်းခံထားခြင်း ဖြစ်ပါတယ်။ 

ပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၁ ခုနှစ်အတွင်းက မြင်ရပုံ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေနဲ့ စစ်အရာရှိတချို့ဟာ နိုင်ငံအတွင်း ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်နေမှုကို အခွင့်ကောင်းယူကာ ပြည်ပကနေ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို တရားဝင် တင်သွင်းမှုတွေ အမြောက်အမြား ပြုလုပ်လျက်ရှိပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနကတော့ နောက်ပိုင်းတည်ဆောက်မယ့် အဆောက်အအုံတွေမှာ ဆိုလာစနစ် မဖြစ်မနေတပ်ဆင်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ကို အချိုးကျ ပြန်လည်ပေးပို့ရမယ်လို့ ကနဦး ညွှန်ကြားချက်တချို့ ထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် လတ်တလော လျှပ်စစ်ပေးဝေနိုင်ရေးထက် ဧရာ၀တီနဲ့ ချင်းတွင်းမြစ်တွေမှာ နှစ်ရှည် ရေကာတာ စီမံကိန်းတချို့ကို လုပ်ဆောင်မယ်လို့လည်း စစ်ကောင်စီဘက်က ရည်ရွယ်ကြောင်း ပြောထားပါတယ်။

လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေကို အသုံးပြုရမယ်လို့ မကြာခဏ ပြောလေ့ရှိတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လတ်တလော နိုင်ငံကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်ခဲ့ရခြင်းဟာ တချိန်က စီမံကိန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့စဉ် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုကြောင့်လို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

နိုင်ငံတစ်ဝန်းလျှပ်စစ်မီးပြတ်တောက်မှုဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးလို့ စစ်ကောင်စီဟာ ဝန်ခံပြောဆိုခြင်းမရှိဘဲ လျှပ်စစ်မီးပြတ်တောက်ခြင်းကို ပြည်သူတွေအနေနဲ့ မိမိဘာသာမိမိဖြေရှင်းနိုင်ဖို့ကိုသာ စစ်ကောင်စီက တာဝန်မဲ့ပြောကြားခဲ့တာပါ။

ဒါ့ကြောင့် စစ်ကောင်စီဟာ လျှပ်စစ်မီး မပေးနိုင်ခြင်းကို အကြောင်းပြကာ ဆိုလာကို အကျိုးစီးပွားအတွက် အသုံးချလာပြီဖြစ်တယ်လို့ ဖော်ပြရေးသားလိုက်ရပါတယ်။

0 Shares:
You May Also Like
Read More

ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှုအတွက် ကျူးလွန်သူ ပကဖများကို ကျောသားရင်သားမခွဲခြားဘဲ အပြစ်ပေးမည် ဟု NUG ပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းက ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့ တအုံကျေးရွာပကဖတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ခုံရုံးတင်အပြစ်ပေးနိုင်ဖို့ စစ်ဆေးနေတယ်လို့သိရပါတယ်။
Read More

တော်လှန်ရေးအတွက် ပြတ်သားထူးခြား အားကောင်းလာသည့် NUG ယာယီသမ္မတ၏ သတိပြုစရာ မိန့်ခွန်းများ

စစ်တပ်က အာဏာသိမ်းခဲ့တာ  ၄နှစ်ပြည့်ဖို့ လပိုင်းသာလိုတော့တဲ့အချိန်မှာ ပြည်သူတွေ အားကိုး ယုံကြည်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတရဲ့ ရှေ့ထွက်မိန့်ခွန်းတွေဟာ  ပြတ်သားအားကောင်းလာပြီး တော်လှန်ရေးခရီး အမြန်ဆုံး အဆုံးသတ်လိုတဲ့ စိတ်ဆန္ဒတွေနဲ့  ထုတ်ဖော်ပြောကြားမှုတွေ ဆက်တိုက်ရှိလာပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ

စစ်ကောင်စီဟာ ၄င်းတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေက ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်။
Read More

အရှိန်ကောင်းနေသည့် ချင်းညီနောင် မြို့သိမ်းတိုက်ပွဲများ၊ “မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။