ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

မဟာမိတ်တပ်တွေနဲ့အတူ ၇ လကြာတိုက်ခိုက်ခဲ့ပြီး ပြန်လာကြတဲ့ ရဲဘော်တွေ ကို ရေဦးပကဖ၊ ရေဦးပအဖနဲ့ ရပ်ကျေးပြည်သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း YEU PDF ရွှေဘိုခရိုင် တပ်ရင်း(၁၄) က တပ်ရင်းတစ်ရင်းလုံးပါဝင်တိုက်ခိုက်ခဲ့ ပြီး ရဲဘော် ၃ ယောက်ကျဆုံးခဲ့ကာ ၂ ယောက် ပြင်းထန်ဒဏ်ရာနဲ့ ၈ ယောက် အသေးစားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Myint Htwe

0 Shares:
You May Also Like
Read More

အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် မြို့ခံပြည်သူများ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ခံပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
Read More

တောင်ကြီးမြို့မှာ ၄.၄ ပြင်းအားအဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန်ဖြစ်ပွား (ရုပ်/သံ)

မေလ ၃၀ ရက် နေ့လယ်ပိုင်းက တောင်ကြီးမြို့ တောင်ကြီးမြို့၏အရှေ့ဘက် ၁၃ ကီလိုမီတာအကွာမှာ အင်အား ၄.၄ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဆဒုံးမြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များအပါ ပြည်သူ ၈ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြားသေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၇ ဦး သေပြီး သံပြားကာယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ စစ်တပ်သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရေစကြိုမြို့ပေါ် ထွေအုပ်ရုံးကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  Myingyan Black Tiger တပ်ဖွဲ့ထံက သိရပါတယ်။