ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤 ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုအတွင်း စာသင်ဆောင် ၁ ဆောင်နဲ့ အဆောက်အဦး ၄ လုံး ပျက်စီးခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

(ဓာတ်ပုံ 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤)

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀၀ ပြုလုပ်ထားပြီး လူပေါင်း ၄၄၇၀ သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ လုပ်ဆောင်ထားပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အမ်း-ပဒါန်း လမ်းပိုင်း​ကို PDF တွေ ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လမ်းပိုင်းပေါ်က စစ်ကင်းစခန်း ၂ ခု ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်းတွေ တပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ယောက် သေဆုံးကြောင်း People's Revolution Alliance ထံက သိရပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အင်အားမလုံလောက်တဲ့ စစ်ကောင်စီက သက်ကြီးပိုင်းတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သားအစားထိုး လုံခြုံရေးယူခိုင်းနေ

ဧရာဝတီတိုင်းထဲက ဇလွန်၊ ဟင်္သာတ၊ သာပေါင်း၊ ငသိုင်းချောင်းနဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့တွေမှာ တပ်သားအင်အား မလုံလောက်တော့တဲ့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ နာမည်နဲ့ အသက် ၃၅ နှစ်ကနေ အသက် ၆၀ ရှိတဲ့ လူကြီးပိုင်းတွေကို မြို့ပေါ်လုံခြုံရေးအတွက် စစ်သားအစားထိုးအနေနဲ့ တာဝန်ပေးအပ်နေတယ်လို့ သိရပါတယ်။