ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ပေါ်ပေါက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား မိန့်ခွန်းမှာ NUG ယာယီသမ္မတက ထည့်သွင်းပြောကြားလိုက်တာပါ။ တော်လှန်ရေးပဋိညာဉ်တစ်ရပ်နဲ့အတူ ခိုင်မာအားကောင်းတဲ့ တပ်ပေါင်းစုတစ်ခုပေါ်ပေါက်ဖို့ လိုအပ်ပြီလို့လည်း ဆိုပါတယ်။

“နွေဦးတော်လှန်ရေးအတွင်းမှာ ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ရေးကို ကျနော်တို့ အလိုရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုအားလုံး ပေါင်းစည်းဖွဲ့တည်ထားတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ အားလုံး မျှော်လင့်ထားကြပါတယ်”

လက်ရှိတော်လှန်ရေးဟာ နိုင်ငံရေးအရ၊ လူမျိုးရေးအရနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေးဖြစ်ပြီး ဗမာနဲ့ တိုင်းရင်းသား ခွဲခြားတော်လှန်နေတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သတိချပ်ဖို့ ဒူဝါလရှီးလက ဆိုပါတယ်။



တော်လှန်ရေးတပ်ပေါင်းစုကို စစ်အာဏာသိမ်းစဉ်က အကောင်အထည်ဖော်ဖို့ကြိုးပမ်းခဲ့ကြပေမယ့် လက်ရှိ ၄ နှစ်ကျော် ကြာမြင့်သည့်တိုင် အကောင်အထည် ဖော်နိုင်ခြင်းတော့ မရှိသေးပါဘူး။

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချဉ်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုကလည်း မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်ထားပါသေးတယ်။

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာ တတိယပတ်အတွင်း အလင်းဝင်သူနှင့် စစ်သုံ့ပန်း စစ်သားစုစုပေါင်း အယောက် ၂၀ ရှိခဲ့

ဒီဇင်ဘာလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း အယောက် ၂၀ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…