ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။

ပေါင်းတည်မြို့ အရှေ့မြောက်ဘက်၊ ပဲခူးရိုးမခြေရင်းမှာရှိတဲ့ သစ်ပုတ်ရွာအုပ်စုကို စစ်ကောင်စီတပ်​တွေက နေရာ ၃ခု ခွဲပြီး ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ PDF ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သစ်ပုတ်တာဝါတိုင်စခန်းမှာ အင်အား ၅၀နီးပါးနဲ့ တပ်စွဲနေထိုင်တာဖြစ်ပြီး ကာလရှည်စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ခိုအောင်းနေနိုင််တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အခုလို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

သစ်ပုတ်ရွာအုပ်စုအတွင်း လက်ပံကုန်း၊ ​တောင်ခမောက်၊ မအူကွင်း၊ နတ်ရေတွင်း၊ နတ်ကန်၊ သစ်ပြောက်စမ်းစတဲ့ ကျေးရွာတွေပါဝင်ပြီး ဒေသခံတွေ စစ်ဘေးတိမ်းမရှောင်ခင်က အိမ်ခြေ ၅၀၀ ကျော်နဲ့ စည်ကားသိုက်မြိုက်ခဲ့တဲ့ ကျေးရွာအုပ်စုကြီးဖြစ်တယ်လို့ သိရပါတယ်။

သစ်ပုတ်ရွာအုပ်စု ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ သြဂုတ်လလောက်ကစလို့ ဒေသတွင်းတိုက်ပွဲအခြေအနေတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြတာလို့လည်း PDF  ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

” သစ်ပုတ်ရွာမှာ စခတာဝါတိုင်စခန်းရှိတယ်။ အင်အား ၅၀လောက်နဲ့ တပ်စွဲနေတာပေါ့။ အခုလည်းအဲ့ပေါ်ကနေဆင်းပြီး ရွာကိုမီးရှို့တာ။ အရင်က သစ်ပုတ်ရွာအုပ်စုဆိုတာ အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ။ စျေးဆိုင်တွေလည်းရှိတယ်။ အခုတော့ စစ်တပ်ကိုကြောက်လို့ ပြေးကုန်တာလို့ပြောရမယ်။ စပါးတွေ​တောင် မရိတ်ခဲ့ရဘူးလို့ ကြားတယ်။ အခုလည်း ဒီကောင်တွေမီးရှို့တာကို တွေးကြည့်ရင် ကျနော်တို့က အဲ့အိမ်တွေထဲမှာ ဝင်နေပြီး သူတို့ကိုချောင်းမြောင်းတိုက်ခိုက်မလားဆိုတဲ့ အတွေးနဲ့ကြောက်လို့ လုပ်တာဖြစ်ပါလိမ့်မယ်။” လို့ PDF  ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သစ်ပုတ်ရွာအုပ်စုထဲက နတ်ရေတွင်းရွာကို စစ်အုပ်စုတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၅၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် သစ်ပုတ်ရွာအုပ်စု မြင်ကွင်းများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း CDM ဝန်ထမ်း ၁၂၀၀ ကျော်အတွက် သိန်း ၇၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ CRPH ထုတ်ပြန်

ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ကမ္မရိုက်ကျေးရွာထဲ စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိမှန်ပျက်စီး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ တောင်ကမ္မရိုက်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ NMSP-AD / Ramonnya Mon Army က ထုတ်ပြန်ပါတယ်။