တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

နိုင်ငံအတွင်း ဒုက္ခသည်တွေ နေ့စဉ်တိုးပွားနေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို အထိရောက်ဆုံး ကူညီပေးနိုင်ဖို့ ကြိုးစားရမယ်လို့ မန်းဝင်းခိုင်သန်းက  ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့  ၅/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ  ပြောကြားလိုက်တာပါ။ 

“ကျနော်တို့ အစီရင်ခံစာကို လေ့လာကြည့်ရင် တော်လှန်ရေးဆင်နွှဲနေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ အတော်လေး ကြိုးပမ်းအားထုတ်ခဲ့ကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေနဲ့ စာရင်တော့ အတော်လေး လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ အရင်က ၃ သိန်း ၇ သောင်းပဲ ရှိခဲ့တဲ့ နေရပ်စွန့်ခွာ စစ်ရှောင်အရေအတွက်ဟာ အခုဆိုရင် ၃.၅ မီလီယံထိ ရောက်ရှိလာပြီ ဖြစ်တာမို့ ပြည်သူတွေ ဒုက္ခအတော်များကြတာကို တွေ့ရပါတယ်” လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။ 

(ဓာတ်ပုံ Mahn Winn Khaing Thann – Prime Minister of NUG)

တော်လှန်ရေးအင်အားစုတွေအနေနဲ့ တဖက်မှာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားကြရသလို တဖက်ကလည်း အကြမ်းဖက် စစ်ကောင်စီဒုက္ခပေးလို့ ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ဝိုင်းဝန်ကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

အဖွဲ့အစည်းတွေအားလုံး စုစည်းညီညွတ်ဖို့  လိုအပ်လာတဲ့အချိန်မှာလည်း  အင်အားစုတွေ အသီးသီးဟာ ပြည်သူကို ရှေးရှုတဲ့၊ တော်လှန်ရေးကို မျက်နှာမူတဲ့ လုပ်ဆောင်ချက်တွေ၊ မူဝါဒတွေကို ခိုင်ခိုင်မာမာဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း NUG အနေနဲ့ CDM ဝန်ထမ်းတွေအပေါ် ထောက်ပံ့ပေးနိုင်မှု အလွန်နည်းပါးခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါသေးတယ်။  

၂၀၂၅ ဟာ အခက်အခဲတွေအများကြီးကို ကျော်လွှားကြရမယ့် နှစ်ဖြစ်ပြီး ဒီလိုအခက်အခဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကောင်းစွာလျှောက်လှမ်းနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ မှ သီတင်းကျွတ်လပြည့်နေ့မှာ ကျဆုံးရဲဘော် ၁၂၃ ဦးကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။