တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

စစ်အာဏာရှင်ဟောင်း သန်းရွှေ တည်ထောင်ခဲ့တဲ့ နေပြည်တော် ရေပန်းဥယျာဉ်ဟာ သက်တမ်းအားဖြင့် ၁၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ နေပြည်တော်ရေပန်းဥယျာဉ်ကို  မြို့တော်အင်္ဂါရပ်နဲ့အညီ Royal Garden အဖြစ် ပြုပြင်မွမ်းမံမှုနဲ့ အသစ်ထပ်မံတိုးချဲ့မှုတွေ ပြုလုပ်မယ်လို့ဖော်ပြထားပါတယ်။

အသစ်တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်း (၄၅) ခုမှာ  ခေတ်မီကလေးကစားကွင်းတွေ၊ ပန်းခြံအသစ်တွေ၊ အရုပ်ကြီးတွေကိုပါထည့်သွင်းထားကာ လက်ရှိအချိန်တွင် (၁၄)ခု ပြီးစီးသွားပြီလို့လည်း သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်တစ်ခွင်ကို သူရဲ့လက်ထက်မှာ တိုင်းပြည်ဘဏ္ဍာတွေ အလွန်အကျွံအသုံးပြုကာ စီမံကိန်းအသစ်တွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။ 

အခုလည်း ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်တွင်းပြည်ပ ဧည့်သည်တွေ မရှိသလောက် အလာနည်းနေတဲ့ ရေပန်းဥယျာဉ်ကို ငွေအမြောက်အမြားသုံးပြီး ပြင်ဆင်ဖို့ လုပ်ဆောင်နေသလို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်ကို အဆင့်မီ မြို့ပြတစ်ခုအဖြစ် အသွင်ပြောင်းမယ်လို့လည်း မကြာခဏပြောကြားလေ့ရှိပါတယ်။

နေပြည်တော်က စီမံကိန်းတချို့ကို လတ်တလောမှာ စစ်ခေါင်းဆောင်တွေရဲ့သားသမီးတွေနဲ့ စစ်ကောင်စီအသိုင်းအဝိုင်းထဲက စစ်ဗိုလ်ချုပ်ကြီးတချို့က လုပ်ကိုင်ခွင့်တွေ ရရှိထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းက စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူတွေကို အကြမ်းဖက်စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်…

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အတင်းအဓမ္မ စုဆောင်းခံထားရသူတွေနဲ့ စားဝတ်နေရေးအဆင်မပြေလို့ စစ်မှုထမ်းဖို့ အခကြေးငွေယူကာ စစ်တပ်ထဲ ဝင်ခဲ့ရသူတွေကို စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

ခန္တီးမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ စစ်တပ်က ၂၂ ယောက် သေပြီး ၃ ယောက် အရှင်မိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားရာ စစ်တပ်ဘက်က ၂၂ ယောက် သေဆုံးပြီး ၃ ယောက် အရှင်မိခဲ့တယ်လို့ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တောင်ဥက္ကလာပ ထွေအုပ်ရုံး ဗုံးခွဲခံရမှုအတွင်း ထိခိုက်ခဲ့သည့် ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး စံပြဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နမ့်ခမ်းမှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း မြေမြှုပ်မိုင်းထိကာ ပြင်းထန်စွာဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာမှာ အမျိုးသားတစ်ယောက် ကြံခုတ်ရင်း မြေမြှုပ်မိုင်းနဲ့ ထိမိကာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းဖော်ပြထားပါတယ်။
Read More

တပ်မဟာ ၅ နယ်မြေအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေမှာ နယ်မြေခံ BGF တပ်ဖွဲ့တွေ ပါဝင်လာနေ

ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေထဲမှာ နယ်မြေခဖ့ BGF တပ်တွေပါဝင်လာပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာနဲ့စခန်းတွေကို လမ်းပြအဖြစ် လုပ်ဆောင်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။