“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 

KNU၊ KNPP နဲ့ မွန်ပြည်သစ်တို့လို စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်နေတဲ့ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ခုက ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရာမှာ လိုအပ်တဲ့ အချက်တွေကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ ထုတ်ပြန်လိုက်တာပါ။  

အဓိကအားဖြင့် ဗဟိုအခြေပြုဖက်ဒရယ်စနစ် (Holding Togther)ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ဘဲ၊ “ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထား ရပ်တည်ချက်ကို ပိုမိုကျယ်ပြန့်တဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းမှုတွေကို မြှင့်တင်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီပူးတွဲကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB တို့က ပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

အခုထုတ်ပြန်လိုက်တဲ့မူနဲ့အတူ လက်ရှိ တော်လှန်ရေးကာလက စတင်ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုလားတဲ့ အဖွဲ့အစည်းတွေက အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့  ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလက သဘောထားတွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ 

ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက် ဆယ်စုနှစ် ၇ ခုကျော်တိုင် တည်ရှိနေခဲ့ပြီး နက်ရှိုင်းတဲ့ နိုင်ငံရေးပြသာနာတွေကို မဖြေရှင်းနိုင်ခဲ့ဘဲ ပိုမိုရှုပ်ထွေးတဲ့ ပြသာနာတွေ ဖြစ်ပေါ်လာခဲ့တာ ဒီနေ့အထိပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိတဲ့  အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဆောင်ရွက်သွားဖို့ ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီလို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများက CDF-Mindat ထံ အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေကို ပြည်သူတွေ လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ခရီးသွားပြည်သူများကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ မျှဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တော်လှ‌‌န်ရေးစိုးမိုးနယ်မြေအတွင်း စလင်း(ပကဖ) ရဲဘော်တွေက ခရီးသွားပြည်သူတွေကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေ မျှဝေပြီး အသိပညာပေးခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။