တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

စစ်အာဏာရှင်ဟောင်း သန်းရွှေ တည်ထောင်ခဲ့တဲ့ နေပြည်တော် ရေပန်းဥယျာဉ်ဟာ သက်တမ်းအားဖြင့် ၁၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ နေပြည်တော်ရေပန်းဥယျာဉ်ကို  မြို့တော်အင်္ဂါရပ်နဲ့အညီ Royal Garden အဖြစ် ပြုပြင်မွမ်းမံမှုနဲ့ အသစ်ထပ်မံတိုးချဲ့မှုတွေ ပြုလုပ်မယ်လို့ဖော်ပြထားပါတယ်။

အသစ်တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်း (၄၅) ခုမှာ  ခေတ်မီကလေးကစားကွင်းတွေ၊ ပန်းခြံအသစ်တွေ၊ အရုပ်ကြီးတွေကိုပါထည့်သွင်းထားကာ လက်ရှိအချိန်တွင် (၁၄)ခု ပြီးစီးသွားပြီလို့လည်း သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်တစ်ခွင်ကို သူရဲ့လက်ထက်မှာ တိုင်းပြည်ဘဏ္ဍာတွေ အလွန်အကျွံအသုံးပြုကာ စီမံကိန်းအသစ်တွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။ 

အခုလည်း ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်တွင်းပြည်ပ ဧည့်သည်တွေ မရှိသလောက် အလာနည်းနေတဲ့ ရေပန်းဥယျာဉ်ကို ငွေအမြောက်အမြားသုံးပြီး ပြင်ဆင်ဖို့ လုပ်ဆောင်နေသလို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်ကို အဆင့်မီ မြို့ပြတစ်ခုအဖြစ် အသွင်ပြောင်းမယ်လို့လည်း မကြာခဏပြောကြားလေ့ရှိပါတယ်။

နေပြည်တော်က စီမံကိန်းတချို့ကို လတ်တလောမှာ စစ်ခေါင်းဆောင်တွေရဲ့သားသမီးတွေနဲ့ စစ်ကောင်စီအသိုင်းအဝိုင်းထဲက စစ်ဗိုလ်ချုပ်ကြီးတချို့က လုပ်ကိုင်ခွင့်တွေ ရရှိထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုး မဖြစ်နိုင်ဟု SAC-M ပြော

အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ မမျှတနိုင်ဘဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုးလည်း မရနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ (SAC-M) ရဲ့ ဒီဇင်ဘာလ ၅ ရက်က အစီရင်ခံစာသစ်မှာ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ လူမျိုးစုကောင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဓိက တော်လှန်ရေး အစုအဖွဲ့ ၂၅ ခုက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး SAC-M က “Myanmar’s Way Forward” စာတမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

မင်းတပ်မြို့နေ ပြည်သူများ စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရရှိထားလျှင် ပြန်အပ်နှံဖို့ CDF – Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။