ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပဲနွယ်ကုန်းမြို့ကနေ ဖေဖော်ဝါရီလ (၁၁) ရက် ညနေပိုင်းမှာ ၁၂၀မမ (၁)လုံး ပစ်ခတ်ရာ ဖျံတလင်း ကျေးရွာဘေး ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီနေ့ညနေပိုင်းမှာပဲ ပိန်းဇလုပ်(၂၆၄)တပ်ရင်းကနေ ၁၂၀မမ (၁)လုံး ပစ်ခတ်ရာ သမင်အင်းကုန်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ နေအိမ်(၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး(၁)လုံး ကညင်ကျွန်းကျေးရွာထဲ လာရောက်ပစ်ချခဲ့ရာ (၄၆)နှစ်အရွယ် အမျိုးသမီး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နဲ့ ဆိုင်ကယ် (၂)စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၉) ရက် မနက်အစောပိုင်းမှာလည်း ကွမ်းချောင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ ဖျံတလင်းကျေးရွာဘေး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ကျောက်တံခါးကနေ ဒရုန်းနဲ့ ဗုံး (၂) လုံးကို ဖျံတလင်းကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း အိမ်မွေးကြက်(၃) ကောင် သေဆုံးပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ညပိုင်းမှာလည်း ဖျံတလင်းကျေးရွာထဲကို ဒရုန်းနဲ့ ဗုံး (၁) လုံး ထပ်မံလာရောက်ပစ်ချခဲ့သေးတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးများ ပစ်သွင်းတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ်မှာရှိတဲ့ ကျောက်တံတားရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ် လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame အဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

မြဝတီ၊ မင်းလက်ပံရွာ စာသင်ကျောင်းကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံရွာကို အကြမ်းဖက်စစ်တပ်က ကာမီကာဇေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတကျောင်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကန့်ဘလူကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၆ ယောက်သေ၊ အများအပြား ထိခိုက်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။