စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက YAK-130 ၊ MIG-29 ဂျက်ဖိုက်တာ ၂ စီးနဲ့ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာဝန်းကျင် ချင်းတွင်းမြစ်ကမ်းဘေးကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ခန့် ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရကာ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းဆဲဖြစ်တယ်လို့ ကနီ ပကဖ က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီလအတွင်း ကနီမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက် (၄) ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်မှာ ထောက်ကြံကုန်း-အိုင်သားအနီး တစ်ကြိမ်၊ ဖေဖော်ဝါရီ ၇ ရက်မှာ ဆူးလေကုန်းကျေးရွာကို စက်တပ်လေထီး (၂)စီးနဲ့တစ်ကြိမ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ နတ်လာပို့(မြောက်)ကျေးရွာကို စက်တပ်လေထီးနဲ့ တစ်ကြိမ်၊ ဒီနေ့ တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်တွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိရှိဖို့နဲ့ အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားဖို့ ကနီမြို့နယ် ပကဖ က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက အကျဉ်းသားများကို လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွါးရာ နေရာများတွင် ခံစစ်အတွက် ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခံစစ်အတွက် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် သမာသမတ် ဖြစ်လိမ့်မည်ဟု PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ပြော

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ်အကုန်မှာ ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိကာ သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ သူမယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောလိုက်ပါတယ်။
Read More

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် သွေးခွဲနည်းကို ကျော်ဖြတ်နိုင်လျှင် စစ်အာဏာရှင်ကို အနိုင်ရမည်ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ပြောကြား

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးဘက်တော်သား အချင်းချင်း သွေးကွဲစေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ရင် စစ်အာဏာရှင်ကို အနိုင်ရမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။