အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတွေ အခုရက်ပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်သေဆုံးမှု များပြားလာကြောင့် စစ်မှုထမ်းဆင်း လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ ​ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople ကို ကြိုတင်ချိတ်ဆက်ထားဖို့လိုတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သင်တန်းတက်နေချိန်ဖြစ်ဖြစ် သင်တန်းပြီးဆုံးလို့ လက်နက်တပ်ဆင်ပြီးချိန်ဖြစ်ဖြစ် အခြေအနေပေးတာနဲ့ နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းတွေ (PDF၊ ပကဖ၊ ပအဖ၊ ပလဖ နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ) ကို ဆက်သွယ်ပြီး အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်၊ လူရွယ်တွေ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ပါရှိလာရင် ဆုကြေးငွေ ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံရေးအမြင်ရှိတဲ့ လူငယ်တွေက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေး အင်အားစုတွေဆီ ကြိုတင်ဆက်သွယ်ကာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်း၊ အလင်းဝင်ခြင်း၊ အကြမ်းဖက်စစ်တပ်ဆီက ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်နေတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

လက်ရှိစစ်ဆင်ရေးအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ်အတွင်း အင်အားအဆမတန် ပြုန်းတီးနေသလို ထောက်ပို့ဆက်ကြောင်း ပြတ်တောက်နေတာကြောင့် မြေပြင်ကနေ ထောက်ပို့မလုပ်ဆောင်နိုင်တော့ဘဲ လေကြောင်းကသာ ထောက်ပို့ဆောင်ရွက်နေရတယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ တပ်ဖြန့်ချထားပြီး ပြည်သူ့တော်လှန်ရေးကို မဟန့်တားနိုင်တော့ခြင်း၊ တန်ပြန်ထိုးစစ် မဆင်နိုင်ခြင်း၊ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ မြို့၊ တပ်စခန်းတွေ ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ခြင်း၊ ခဲယမ်း၊ မီးကျောက် မလုံမလောက် ဖြစ်နေခြင်း စတဲ့ အားနည်းချက်တွေ ကြုံတွေ့နေရတာကိုလည်း ထင်ထင်ရှားရှား မြင်တွေ့လာရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ လူအင်အားချို့တဲ့လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ အဓမ္မ စစ်သားစုဆောင်းတဲ့နည်းလမ်းကို မိုက်မဲစွာ ကျင့်သုံးနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍
တိုက်တွန်းနှိုးဆော်ချက်
အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍
တိုက်တွန်းနှိုးဆော်ချက်
0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီရဲ့ ၆၀၀၆ တင့်ကားတပ်ရင်းက စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စလင်းမှာ ရွာထဲ ရိက္ခာလာလုတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက်ထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ စက်တင်ဘာ…
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

ကျုံပျော်မှာ ကိုယ်မြို့ကိုယ်ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို စစ်သင်တန်းပေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။