ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် မနက်ပိုင်းမှာ ပဲခူးခရိုင် အင်းတကော် (ပကဖ) ဒရုန်းအဖွဲ့က ခမရ(၂၀၇)ဗဟိုကင်းနဲ့ အမြောက်တပ်ရင်းတို့ကို ဒရုန်းနဲ့ ဗုံးသီးသွားရောက် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာလည်း ဝေါ(ပကဖ)က အမြောက်တပ် (၃၁၀)တပ်ရင်းကို ၆၀ မမစိန်ပြောင်းနဲ့ လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲနဲ့ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာက ပြန်လာတဲ့ PDF ရဲဘော်တွေကို ယင်းမာပင် ခရိုင်က ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆို (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၀ တပ်ရင်း (ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့) က ရဲဘော်တွေကို ယင်းမာပင်ခရိုင်က ပြည်သူတွေ အောင်သပြေနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။