ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ည ၈နာရီ ဝန်းကျင်အချိန်မှာ ဇီးကုန်းမြို့အရှေ၊ ဘော်ဘင်ဗျူဟာလမ်းအနီးမှာ ကင်းပုန်းဝပ် စခန်းချပြီး အုတ်ဖိုဝိုင်းဘက်ကနေ ကုန်းရွာ- ဘော်ဘင်ဘက်ကို အင်အား ၂၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီး အရှိန်က ကြားသတင်းအရဆို အနည်းဆုံး သူတို့ ၄-၅ ဦးထက်မနည်း သေဆုံးနိုင်ပါတယ်၊ ဒဏ်ရာရသူတွေလည်း ပြင်းထန်တယ်ဆိုပြီးတော့ သူတို့ ထိခိုက်တာကို မြင်တွေ့တဲ့သူတွေကနေ သိရပါတယ်” လို့ ရွှေဂဠုန်စစ်ကြောင်း တာဝန်ခံ ဂျာနူးက မောင်းကို ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို တော်လှန်ရေးရဲဘော်တွေက ကြိုတင်သတင်းရရှိမှုကြောင့် လုပ်ဆောင်ခဲ့တာဖြစ်ပြီး “၆၄ နှစ်မြောက် ကချင်တော်လှန်နေ့ အထိမ်းအမှတ်” အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တုန်းကလည်း အုတ်ဖိုမြို့မရဲစခန်း ဘေးကပ်လျက်က စစ်မှုထမ်းဟောင်းရုံးကို ရွှေဂဠုန်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးခဲ့ပါသေးတယ်။

ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ကလေး (၁) ဦးအပါ (၃) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြင်းပြင်းထန်ထန် သတိပေးခံထားရတဲ့ကြားက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေ သန်းခေါင်စာရင်း လိုက်ကောက်နေ

မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေးချက် ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သန်းခေါင်စာရင်း ပေါ်ပေါ်ထင်ထင် ကောက်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး၊ စစ်အုပ်စု အုပ်ချုပ်သည့်ကာလ မြို့ပေါ်မှာပင် လုံခြုံမှု မရှိတော့

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပလာဇာစျေးဝယ်စင်တာရဲ့ ကားပါကင်မှာ အမျိုးသမီးတစ်ယောက် ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။