ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ကို တပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ်ဆောင်ခဲ့ကြောင်းနဲ့ အလင်းဝင်ရောက်လာသူတွေဟာ MA 1 သေနတ် ၁လက်၊ ကျည်ဘောက် ၅ ခု၊ 5.56 ကျည် ၄၀၀ တို့ပါ ယူဆောင်လာတဲ့အတွက် တပ်ရင်းဘက်ကနေ ကနဦး ငွေကျပ် ၁၀ သိန်း ချီးမြှင့်ထားကြောင်း ပြောပါတယ်။

” သူတို့က ၉ရက်နေ့မှာ အလင်းဝင်လာတာဆိုပေမယ့် အဲ့မတိုင်ခင် ရက်တွေကတည်းက ချိတ်ဆက်ထားတာပါ။ သူတို့တပ်ကနေ တော်လှန်ရေးနယ်မြေကို ထွက်ပြေးလာတယ်။ ကျနော်တို့က စိုးမိုးနယ်မြေထဲရောက်တော့ သွားခေါ်တယ်ပေါ့။ သူတို့၂ယောက်ထဲ ၁ယောက်က အတင်းအဓမ္မအဖမ်းခံရပြီး စုဆောင်းခံရတယ်ပြောတယ်။ ကျန် ၁ ယောက်ကျ အလုပ်ရှာရင်း အဖမ်းခံရတာလို့ပေါ့နော်။ ရန်ကုန်ကပဲ ဖမ်းခံရတယ်လို့အကြမ်းဖျင်းသိရတယ်၊ ကျန်တဲ့အသေးစိတ်တွေကိုတော့ မေးမြန်းဆောင်ရွက်နေဆဲပါ။” လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ အလင်းဝင်ရောက်လာသူ ၂ ဦး ကို တွေ့ရစဥ်
ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ အလင်းဝင်ရောက်လာသူ ၂ ဦး ကို တွေ့ရစဥ်

အခုလိုမျိုး အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်တော်တော်များများ ရှေ့တန်းစစ်မျက်နှာမှာ ထိခိုက်သေဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်တပ်လက်အောက်ကနေ အမြန်ဆုံးထွက်ပြေးဖို့ကြိုးစားသင့်ပြီး တော်လှန်ရေးတပ်တွေဆီ ကြိုတင်ချိတ်ဆက်ထားတာမျိုးတွေ လုပ်ဆောင်ထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကြံပြု ထုတ်ပြန်ထားပါသေးတယ်။

“စစ်ကောင်စီမှ မိမိတို့အလိုမတူဘဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေနဲ့ ကျနော်တို့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြပါ။ ကိုယ်တိုင်ရုန်းထွက်ချင်တဲ့စိတ်နဲ့ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိရှိဖို့ပဲ လိုတယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်နှင့်တကွ အလင်းဝင်နေကြတဲ့သူတွေက အကောင်းဆုံးသက်သေပြနေပါတယ်။ ကျနော်တို့တပ်ရင်းအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ဘက်ပြောင်းအလင်းဝင်လာကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်းလည်း ထပ်ဆင့်အသိပေးအကြောင်းကြားပါတယ်။” လို့လည်း ပဲခူးခရိုင် ၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရန် အနီးကပ် ကြီးကြပ်ကာ ဆက်လက်တိုက်ပွဲဝင်နေကြောင်း NUG အသိပေး

မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြည်သူနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
Read More

ဝယ်ယူမယ့်သူ မရှိသေးတဲ့ ခြံအမှတ် (၅၄) နေအိမ်ကို ဖေဖော်ဝါရီလမှာ ထပ်မံ လေလံတင်မယ်

လေလံဆွဲမယ့်သူမရှိလို့ ပျက်ပြယ်နေခဲ့ရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ် (၅၄) ကို လာမယ့်ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဦးမယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။