ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး – KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်မှာ မြန်မာပြည်မှာရှိတဲ့ ကရင်ဒေသအသီးသီးက လူထုအင်အား (၄၅၄,၁၀၀) ခန့်ဟာ ဖဆပလအစိုးရကို

“၁။ ကရင်ပြည်ချက်ချင်ပေး

၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ။

၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။

၄။ ပြည်တွင်းစစ်အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံ ပိုစတာ (၄) ခုကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး အဲ့ဒီနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားတွေရဲ့ ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့တဲ့ အဲ့ဒီဆန္ဒပြပွဲဟာ အနာဂတ်နိုင်ငံတော်ကြီးကို တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟို အမြဲတမ်းကော်မတီဝင်တွေ၊ ဗဟို ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ခေါင်းဆောင်တွေ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပြည်သူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပခဲ့တဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင် အတော်များများ အရေပြားရောဂါနှင့် ရင်ဆိုင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ က ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်တော်များများဟာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG ယာယီသမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို ချင်းညီနောင်ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။