လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 

တွေ့ဆုံပွဲကို ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းမှာ နေပြည်တော်က မြို့နယ်အသီးသီးက လူငယ် ၉၀၀ ခန့်နဲ့ ပြုလုပ်ခဲ့ပြီး လက်ရှိ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်နေသူတွေကို အကြမ်းဖက်သမား၊ တိုင်းပြည်ဖျက်ဆီးသူတွေအဖြစ် သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။

“ဒီနေ့ တို့နိုင်ငံမှာ တချို့တချို့သော လူငယ်တွေသည် သူများတွေရဲ့ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးကြတယ်။ သတ်ဖြတ်ပြီးတော့ လိုချင်တာတောင်းတဲ့ ဘာဘေးရီးယန်း ခေတ်က ကျန်ခဲ့ပြီ။ ဘာ တော်လှန်ရေးလဲ။ ဘာတော်လှန်ရေးမှ မဟုတ်ဘူး။ အကြမ်းဖက် ဖျက်ဆီးသူတွေပဲ။ ဒီနေ့ တို့နိုင်ငံဟာ လောဘကြီးတဲ့ အတ္တ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုကြောင့် လမ်းဆုံးပြီး သေနတ်ကောက်ကိုင်ပြီး တောထဲ ဝင်သွားတယ်” လို့ ဦးခင်ရီက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။ 

ဒါ့အပြင် လူငယ်တွေဟာ ကိုယ့်ဒေသကို ပြုပြင်သင့်ကြောင်း၊ မိသားစုနဲ့ နိုင်ငံကို ကာကွယ် စောင့်ရှောက်သင့်ကြောင်းတွေကိုပါ ပြောဆိုသွားခဲ့ပါတယ်။ 

ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းအများစုဟာ စစ်တပ်ကနေ အငြိမ်းစားယူလာတဲ့ သူတွေဖြစ်ပြီး လက်ရှိ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီဟာလည်း စစ်တပ်ကနေ ဗိုလ်ချုပ်အဆင့်နဲ့ အငြိမ်းစားယူကာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လဝကဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်ကစလို့ ဦးခင်ရီဟာ ကြံခိုင်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်လာခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

ရှမ်းကျောင်း ဆရာတော်နှင့် ကပ္ပိယ အသတ်ခံရတဲ့ဖြစ်စဉ် အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေးအတွက် ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန် (ခေါ်) ဦးဓမ္မသာရနဲ့ ကပ္ပိယ စိုင်းဘီး (ခေါ်) အိုက်ပီးတို့ အသတ်ခံရမှုအတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှု ရရှိဖို့ လိုလားနေကြပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့

နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။