မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင် PDF တပ်ရင်း ၃ ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး အခုလို လမ်းပိုင်းအသုံးပြုမှု ကန့်သတ်ရတာဟာ ခရီးသွားပြည်သူတွေဘေးအန္တရာယ် မဖြစ်ဖို့အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ညပိုင်းအချိန် လမ်းအသုံးပြုခွင့်ကန့်သတ်ချက်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ထုတ်ပြန်ခဲ့ပြီး အခုတစ်ကြိမ်ကတော့ လာမယ့် မတ်လကုန်အထိ မြင်းခြံ – တောင်သာ လမ်းပိုင်းအသုံးမပြုဖို့ သက်တမ်းထပ်တိုးတာဖြစ်တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်က မြေပြင်က စစ်ကြောင်းထိုးတာ၊ ဝေဟင်က လေကြောင်းတိုက်ခိုက်တာတွေ တောက်လျှောက် ပြုလုပ်ခဲ့သလို လူအများအိပ်မောကျချိန်မှာလည်း လူလိုက်ပါတဲ့စက်တပ်ယာဥ်တွေ အသုံးပြုကာ ဗုံးသီးချ တိုက်ခိုက်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယားကို လက်နက်နဲ့တကွ ပကဖ ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

မြိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

ကမ္မမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အရပ်သား ၃ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။