စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ မုံရွာ-ချောင်းဦးလမ်းပိုင်းအနီး တော်လှန်ရေးပူးပေါင်း တပ်တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲမှာ စုရပ်အဖြစ် ရောက်ရှိနေပြီး သောက်စားနေချိန် ပဒေဿာမိုင်း ၃ လုံးတစ်ပွိုင့်၊ ၂ လုံးတစ်ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ယောက်သေပြီး အများအပြား စိုးရိမ်ရတဲ့ အနေအထားနဲ့ ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ဆေးရုံသို့ အမြန်ပို့ဆောင်လိုက်ကြတယ်လို့ သိရပါတယ်။ မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ် ကောင်စီယာဉ်တန်းတွေနဲ့ တွေ့ရင် အဝေးမှာ ရှောင်ရှားကြရဖို့နဲ့ တိုက်ပွဲဖြစ်ပွါးနေရင် နေရာမှာပဲ ယာဉ်တွေ ရပ်တန့်ထားပေးကြဖို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ဆုံးပါးခဲ့ရတဲ့ NLD ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး အိုးဘိုထောင်အတွင်း မတရားအကျဉ်းကျခံရကာ ကင်ဆာရောဂါကို လုံလောက်တဲ့ ဆေးကုသမှုမရဘဲ ဆုံးပါးခဲ့ရတဲ့  NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF ကထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ ပုလဲမြို့ပေါ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ရှိနေပြီး အရပ်သားတွေကို တော်လှန်ရေးတပ်တွေ ဘေးလွတ်ရာ ပို့ဆောင်ပေးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က မြို့မကျရေး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းမှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ဆိုင်ကယ်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ ရှေ့ထွက်မိုင်းနဲ့ ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နတ်ရေကန်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ဟောင်းပေါ် ဆားဂွန်းဂိတ် စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်မှု စစ်သား ၂ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်စစ်ကောင်စီအထိုင်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးညှင်း(K-PDF) မှ လမ်းပိုင်းလုံခြုံ‌ရေး စစ်ဆေးရေးပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အများပြည်သူသုံးလမ်းတွေကို အသုံးပြုပြီး လက်နက်ပစ္စည်းသယ်‌ဆောင်တာ၊ သွားလာ လှုပ်ရှားတွေ မပြုလုပ်နိုင်ဖို့ မိုးညှင်း (K-PDF)က လမ်းပိုင်းလုံခြုံရေးစစ်ဆေးရေးပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။