နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေအနေနဲ့  တရုတ်အစိုးရပိုင် Aviation Industry Corporation of China (AVIC) ကုမ္ပဏီကနေ မြန်မာစစ်အုပ်စုကို စစ်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းရောင်းချနေမှုကို ရပ်တန့်စေဖို့  ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ  ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၃၆၁ ဖွဲ့က Airbus အနေနဲ့  မြန်မာစစ်အုပ်စုထံ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဆက်လက်လွှဲပြောင်းပေးနေတဲ့ AVIC နဲ့စီးပွားရေးအရ ဆက်ဆံနေမှုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်စာ ပေးပို့လိုက်တာပါ။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး (၄) နှစ်အတွင်း စစ်အုပ်စုဟာ  ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့  အခြားသော ဆိုးရွားပြင်းထန်တဲ့  လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးခံရခြင်းမရှိဘဲ ထင်တိုင်းကြဲ ကျူးလွန်လျက်ရှိနေတာ ဖြစ်ပါတယ်။ 

အခုလို အကြမ်းဖက်စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်ခွင့်ရနေတာဟာ စစ်အုပ်စုအနေနဲ့ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ ဆက်စပ် ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာ အကူအညီတွေအပါအဝင် စစ်လက်နက်တွေကို ဆက်လက်ရရှိနေခြင်းကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Aviation Industry Corporation of China (AVIC) ဟာ မြန်မာစစ်အုပ်စုကို စစ်လေယာဉ်တွေနဲ့ အစိတ်အပိုင်းတွေ ရောင်းချနေတဲ့၊ ပြုပြင်ထိန်းသိမ်း မွမ်းမံရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ 

Airbus ကုမ္ပဏီဟာ နယ်သာလန်နိုင်ငံမှာ ဥပဒေအရ ရုံးချုပ် အခြေစိုက်တည်ရှိသလို ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတို့ကလည်း ရှယ်ယာရှင်တွေအဖြစ် ပါဝင်နေပြီး  AVIC ကုမ္ပဏီနဲ့ နည်းပညာသာမက စီးပွားရေးအရပါ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဓိကရင်းနှီးမြှုပ်နှံသူ မိတ်ဖက်ကုမ္ပဏီဖြစ်ပါတယ်။

AVIC ရဲ့ အုပ်စုခွဲ AviChina ကုမ္ပဏီနဲ့ Airbus ကုမ္ပဏီတို့ဟာ ပူးပေါင်းပြီး K8 လေ့ကျင့်ရေးလေယာဉ်နဲ့ Y-12 ဘက်စုံသုံးလေယာဉ်တွေ ထုတ်လုပ်လျက်ရှိကာ စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ်  ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အဆိုပါလေယာဉ်တွေကို လက်ရှိအချိန်အထိ အသုံးပြုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဥရောပသမဂ္ဂကနေ စစ်လက်နက်ရောင်းချရေး ပိတ်ပင်ဒဏ်ခတ်မှု ခံထားရပြီး Airbus ကုမ္ပဏီ အနေနဲ့ အခုလို စစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့ အဓိက ကူညီထောက်ပံ့ပေးနေတဲ့ AVIC ကုမ္ပဏီအပေါ် နည်းပညာနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေဟာ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် နယ်သာလန် အစိုးရအနေနဲ့ လူ့အခွင့်ရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေအတွက် Aviation Industry Corporation of China (AVIC) နဲ့ Airbus လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းကြောင်း Justice for Myanmar (JFM) က ဆိုပါတယ်။

မြန်မာနိုင်ငံကို AVIC လေယာဉ်နဲ့ ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုတွေ ဆက်လက်ရှိနေရင် Airbus ကုမ္ပဏီအနေနဲ့ AviChina ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းပြီး၊ AVIC နဲ့ စီးပွားရေးဆက်ဆံမှုကို အဆုံးသတ်စေဖို့ လိုအပ်ကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်အတွင်း အကြမ်းဖက်မှုတွေ မကြုံစဖူး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလပြော၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU တောင်းဆို

“လွန်ခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁,၁၄၄ ဦးနဲ့ ကလေး ၇၀၉ ဦး အပါအ၀င် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦး သေဆုံးခဲ့တယ်”
Read More

မြန်မာကလေး ၂၀၀ နီးပါး ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအစိုးရ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

ဆေးဝါးပစ္စည်းများ သယ်ဆောင်ကာ ဂျပန်စစ်လေယာဉ် မြန်မာပြည်ကို လာရောက်မည်

ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။