နေရာအနှံ့အပြားကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေအားလုံး အခြားသောတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ဝါဒ ပြိုလဲကျရေး စုပေါင်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီနေ့ ဖေဖော်ဝါရီ ၁၁ရက်မှာ  ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

“ကရင်လူမျိုးတို့ရဲ့ ဖြစ်တည်မှု ရေရှည်တည်တံ့ခြင်း နဲ့ လူမျိုးစုများ ပြည်သူလူထုများရဲ့ ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းတို့ကို အဟန့်အတားပြုနေတဲ့ ဒီအာဏာရှင်ဝါဒနဲ့ သူ့ရဲ့ ထောက်တိုင်တွေကို ဖြိုချတိုက်ဖျက်သွားကြဖို့ ဖြစ်ပါတယ် “လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

တစ်နိုင်ငံလုံးရဲ့ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒ နဲ့ အာဏာရှင်ဝါဒ ကျင့်သုံးတဲ့သူတို့ကို ဆန့်ကျင်ဖယ်ရှားသွားမယ်ဆိုတဲ့ သန္နိဌာန်ကိုလည်း မြဲမြံစွာ ကိုင်စွဲရပ်တည်သွားဖို့ လိုအပ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။  

နိုင်ငံတစ်နိုင်ငံအတွင်း လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် စတဲ့  အခွင့်အရေးတွေ ရှိဖို့လိုအပ်သလို  ဒီအခွင့်အရေးတွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

KNUရဲ့ ဦးဆောင်မှုအောက်မှာ ကရင်လူမျိုးတို့ရဲ့ လိုလားချက်တွေရရှိရေးအတွက် ကရင်လူမျိုးတွေဟာ အသက်၊ ကိုယ်လက်အင်္ဂါ၊ သွေးချွေးနဲ့ စည်းစိမ်ဥစ္စာတွေ ပေးဆပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ကရင်လူမျိုးတွေရဲ့ လိုလားချက်တွေ ပြည့်ဝအောင်မြင်မှု မရရှိသေးဘူးလို့လည်း ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိနေပြီး အတူတကွ ပြန်လည်ပူးပေါင်းကာ စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်ဖို့ လိုအပ်ကြောင်း KNU  ဥက္ကဋ္ဌက သူ့ရဲ့မိန့်ခွန်းတွေမှာ မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။

0 Shares:
You May Also Like
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စက်တင်ဘာလတွင် နိုင်ငံတဝန်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၁၅ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ ၁၁၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြေပြင်မှာ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီ သူ့ရဲ့ ဝါဒဖြန့်သတင်းစာကတဆင့် AA ကို တိုက်ခိုက်

စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ခလရ ၂၈၅ က စစ်သား(၂)ဦး တနင်္သာရီမြို့နယ် ပကဖ ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။