မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ခြေထောက်ဒဏ်ရာနဲ့အတူ အရှင်ဖမ်းမိခဲ့တာဖြစ်ပြီး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ တပ်မ ၉၉ ရဲ့ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်တဲ့ အင်အား ၃၆၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ AA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ဂုတ်စီးရိုးကျေးရွာအနီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

AA ရဲ့ ဇန်နဝါရီလ ၂၇ ရက်က ထုတ်ပြန်ချက်မှာတော့ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂုတ်စည်းရိုးကျေးရွာဘက် ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်း တိုက်ခိုက်​နေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ AA က အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာလည်း မြို့တော်စစ်တွေကို သိမ်းပိုက်နိုင်ဖို့ စတင်တိုက်ခိုက်နေပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းဘက်ခြမ်းတွေမှာ စစ်ကူအများအပြားနဲ့ ခံစစ်ပြင်​နေပြီး အမ်းမြို့ကို ပြန်လည်တိုက်ခိုက်ဖို့ ထိုးစစ်ဆင်ခဲ့ပေမယ့် AA နဲ့ ပူး​ပေါင်းတပ်တွေ တိုက်ခိုက်မှု​ကြောင့် စစ်ကူစစ်​ကြောင်းတွေ အထိနာပြီး ပြန်ဆုတ်​ပြေး​နေရ​တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

သိမ်ဇရပ်မြို့၊ ခမရ ၂၀၇ ၏ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ အနီးရှိ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးရင်း လက်နက်ကြီးပစ်လို့ ဒေသခံ ၁ ဦး သေဆုံး၊ စစ်ရှောင်ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာချိန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။