ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းက ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့က ဖယ်ခုံမြို့နယ်၊ အနောက်ဘက်ကမ်းကနေ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ရွှေမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တွေဟာ လူတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တန့်ဆည်နယ်ဘက် ကထိန်ခင်းရန်သွားသည့် ဇနီးမောင်နှံကို ပျူစောထီးများ ဖမ်းဆီး၊ အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ပစ်လိုက်သည်ဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကနေ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံ ၂ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ သတ်ခဲ့တယ်လို့ KBL-PDF က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၆ရက် မနေ့မနက် ၉နာရီလောက်မှာ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ကိုကျော်မျိုးနဲ့ မအေးမာဦးတို့ ဇနီးမောင်နှံဟာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။