ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး – KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်မှာ မြန်မာပြည်မှာရှိတဲ့ ကရင်ဒေသအသီးသီးက လူထုအင်အား (၄၅၄,၁၀၀) ခန့်ဟာ ဖဆပလအစိုးရကို

“၁။ ကရင်ပြည်ချက်ချင်ပေး

၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ။

၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။

၄။ ပြည်တွင်းစစ်အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံ ပိုစတာ (၄) ခုကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး အဲ့ဒီနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားတွေရဲ့ ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့တဲ့ အဲ့ဒီဆန္ဒပြပွဲဟာ အနာဂတ်နိုင်ငံတော်ကြီးကို တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟို အမြဲတမ်းကော်မတီဝင်တွေ၊ ဗဟို ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ခေါင်းဆောင်တွေ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပြည်သူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

(၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပခဲ့တဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

သရက်တွင် ပြည်သူပိုင်ပစ္စည်းခိုးသည့် စစ်ကြောင်းနှင့် ပစ္စည်းလာပို့သည့် စစ်ကားတန်း တစ်နေ့တည်း တိုက်ခိုက်ခံရ၊ အရာရှိနှင့် စစ်မေ​၊ ရဲများအပါ ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ သရက်​မြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ ကားနဲ့တိုက်ယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကပစ လုပ်ငန်းသုံးပစ္စည်းတွေ တင်လာတဲ့ စစ်ကားတန်းကို တစ်နေ့တည်း ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်မေတွေအပါ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ United States Of Burma Army - USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းထိုး၊ ပစ္စည်းခိုးသည့် စစ်သားများ ကြားဖြတ်တိုက်ခံရ၊ ဒုစစ်ကြောင်းမှူးအပါ ၁၀ ဦး ထက်မနည်းသေပြီး ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူဖမ်း၊ ပစ္စည်းခိုးတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူးအပါ စစ်ကောင်စီဘက်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကိုပြောပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ကြိမ် တိုက်ပွဲဖြစ်ပွား၊ အရာရှိ ၁ ဦးအပါ စစ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်မရပ်ခင် နောက်ဆုံးလတွင် TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၉ ဦး သေဆုံး၊ ၇၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၇၉ လုံး အပါအဝင် များစွာ ပျက်စီးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။