အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၁၆ ယောက်နဲ့ သာမန်အကျဉ်းသား ၂၆ ယောက်ကို လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်ဒေသက ပြီးခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုပါ အာရက္ခတပ်တော် AA က ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့သူတွေကို မိသားစုတွေထံ ပြန်ခွင့်ပြုလိုက်တာဖြစ်ပြီး အများစုက ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းမရှိသူတွေကို ရွေးချယ်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်လွှတ်ပေးခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေမှာ အမျိုးသား အယောက် ၄၀ နဲ့ အမျိုးသမီး ၇၆ ယောက် ပါဝင်ခဲ့ပြီး အများစုဟာ  စစ်ကောင်စီထိန်းချုပ်မှု မရှိတဲ့နေရာတွေမှာ  နေထိုင်သူတွေကို ရွေးချယ်ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် KNDO တပ်ပေါင်းစုမှ စစ်ကြောင်းမှူးကျဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက တန်းရှင်းရွာမှာ စစ်ကော်မရှင်တပ်နဲ့ KNDO တပ်ပေါင်းစုတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကြောင်းမှူးတစ်ယောက် ထိမှန်ကျဆုံးသွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ရွာငံမှာ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေ ပစ်ခတ်ရှင်းလင်းခံရ​.. အထိနာထားတဲ့ စစ်အုပ်စုက ရွာ၃ရွာကို ပိတ်ဆို့ပြီး အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ..

ရှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးတွေ ဆက်တိုက်ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီက ကျေးရွာ ၃ရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

လှည်းကူးတွင် အတုအယောင်ရွေးကောက်ပွဲအတွက် အားကျိုးမာန်တက် စည်းရုံးပေးနေသည့် ဇရပ်ကွင်းရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ၊ ပျူ ၂ ဦး လွင့်သွား

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အရပ်သားတွေကို အတုအယောင် ရွေးကောက်ပွဲစိတ်ဝင်စားဖို့ အတင်းအဓမ္မ စည်းရုံးနေတဲ့ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးယူနေတဲ့ ပျူစောထီး ၂ယောက် သေဆုံးနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာလ ၁၈ရက်၊ မနေ့ညနေပိုင်းမှာ Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတပ်ဖွဲ့ဝင်တွေက ဇရပ်ကွင်းရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်း ၂လုံးနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။