ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။

ညောင်ခြေထောက်ရွာက လှေဆိပ်ဆီ ရိက္ခာသယ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၅၉၈ တပ်က စစ်သား ၂ ယောက်သေပြီး ၄ ယောက်ဒဏ်ရာရရှိသွားကာ ကား ၁ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်စဉ် ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို တောင်ညိုစစ်‌ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့နယ် မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်သား ၅ ယောက်သေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။
Read More

မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနှင့် မျောပါ (ရုပ်/သံ)

ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ လမ်းရေကျော်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနဲ့မျောပါသွားတဲ့အတွက် ဒေသခံပြည်သူတွေက လိုက်လံကယ်ဆယ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ ပျူခေါင်းဆောင်ရဲ့ တူမ မင်္ဂလာဆောင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်က ဆား‌တောင်မြို့ရဲစခန်းက ရဲတပ်သားနဲ့ ညောင်ငုတ်တိုပျူစခန်းက ပျူခေါင်းဆောင်ရဲ့ တူမ  မင်္ဂလာပွဲကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerrilla Force အဖွဲ့ထံက သိရပါတယ်။