လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်းကားတဲ့ လမ်းတစ်နေရာမှာ “အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စတဲ့ စာသားတွေကို ဆေးနီမှုတ်ရေးသားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy အဖွဲ့ထံက သိရပါတယ်။