အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနိုင်ထူးအောင်နဲ့ ပတ်သက်လို့ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်စာတွေဟာ အတုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော  အထက်ပါ စာများသည် အတုများဖြစ်ကြောင်း အသိပေးအပ်ပါသည် ” ဆိုတဲ့ စာသားနဲ့ ထုတ်ပြန်ချက်အတု ပုံ ၂ပုံကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်ဟာ ရာထူးကနေ နုတ်ထွက်ကြောင်း ဖေဖော်ဝါရီ ၁၀ရက် ဒီနေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားတာ ဖြစ်ပါတယ်။

” MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။” လို့ ဦးနိုင်ထူးအောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အစ ၂ လအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၉ ဦးအထိ သေဆုံးခဲ့…

၂၀၂၅ ခုနှစ်အစပိုင်း ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလ နှစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

နယ်စပ်တည်ငြိမ်ရေး ထိခိုက်စေသည့် အစွန်းရောက် စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း AA ပြော

အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။