တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၂၅) တပ်ရင်းမှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) က စစ်သား ၅ ယောက်ကို လောင်းလုံး ပကဖ က သွားရောက်ခေါ်ထုတ်နိုင်ခဲ့ပြီး အလင်းဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ခေါ်ထုတ်လာနိုင်ခဲ့တဲ့ အလင်းဝင် တပ်သားတွေထဲက လောင်းလုံးပကဖနဲ့ တော်လှန်ရေးအတွင်း ဆက်လက်တာဝန်ထမ်းဆောင်မယ့်သူတွေ ရှိသလို အချို့ကတော့ ပြည်ပနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။ 

အလင်းဝင်ရောက်လာသူ ၅ ယောက်ကို ဆုကြေးငွေတွေ ချီးမြှင့်ခဲ့သလို အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး လက်နက်နဲ့ အလင်းဝင်လာမယ်ဆိုရင် ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ်လို့လည်း လောင်းလုံး ပကဖ က အသိပေးထားပါတယ်။ 

စစ်ကောင်စီလက်အောက်ကနေ အချိန်မီ ထွက်ခွာပြီး အလင်း၀င်ရောက်လိုသူတွေအနေနဲ့ စိတ်ချလက်ချ ချိတ်ဆက်၀င်ရောက်နိုင်စေဖို့ စီစဉ်နေပြီး စစ်ကောင်စီလက်အောက်မှာ အသက်ပေးတိုက်ခိုက်ရတာထက် ပြည်သူ့ရင်ခွင်မှာ အသက်ပေးရင်ဆိုင်ဖြတ်သန်းရတာက ပိုအဓိပ္ပါယ်ရှိတယ်လို့လည်း လောင်းလုံး ပကဖ က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်ရရင် ငဲ့ညှာနိုင်မှာမဟုတ်ဘဲ ကြိုတင်ချိတ်ဆက် အလင်း၀င်ရောက်လိုသူတွေကိုတော့ လက်ခံကြိုဆိုသွားမယ်လို့ လောင်းလုံး ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းနှင့် စလင်းတွင် စစ်အုပ်စု အရပ်သားများကို ဆိုးဆိုးရွားရွား ပေါ်တာဆွဲကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းမှာ စစ်တပ်ကင်းစခန်းအနီး တော်လှန်ရေးတပ်များ ချဥ်းကပ်စဥ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီး ကင်းပုန်းဝပ်ဖို့ ချဥ်းကပ်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် AA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ် အများအပြား သေဆုံးပြီး စစ်ကြောင်းပြန်ဆုတ်၊ ရှမ်းမြောက်ထိုးစစ်မှာ အနိုင်ရခဲ့သည့် စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့များ AA ၏ ခုခံစစ်အတွင်း အလူးအလဲ ခံရပြီး ခွေးပြေးဝက်ပြေး ပြေးနေရဟု AA ပြော

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က သေဆုံးမှုများခဲ့သလို စစ်တပ်ဆီက လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သား ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးသတင်းများ စုံစမ်း​​နေသည့် ပျူခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီအတွက် တော်လှန်ရေးသတင်းတွေစုဆောင်းပေးနေတဲ့ ပေါင်းတည်စုရွာ၊ ရာအိမ်မှူး ပျူခေါင်းဆောင် ဖိုးဖြူကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။