စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

သက်ကြီးရွယ်အို အဘိုးအဘွားတွေဟာ ထမင်းမစားရဘဲ ပဲပြုတ်စားနေရတာ ရက် ၂၀ ခန့်ရှိပြီဖြစ်ကာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့အတွက် ထွက်လာတာဖြစ်ကြောင်း သိရပါတယ်။ လက်နက်ကိုင်ပျူစောထီးတွေလည်း ရိက္ခာပြတ်လပ်နေပြီဖြစ်တာကြောင့် နောက်ထပ်ထွက်လာချင်တဲ့ ပြည်သူတွေကိုလည်း ချိတ်ဆက်ဆောင်ရွက်ပြီး ကယ်ထုတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်နက်ကိုင်ပျူစောထီးတွေလည်း လက်နက်ချအလင်းဝင်မယ်ဆိုရင် ထိုက်သင့်တဲ့ ဆုငွေတွေ ချီးမြှင့်သွားမယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးလာသူတွေကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကောင်းမွန်စွာ ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ရုတ်တရက် တိုက်ခိုက်ခံရလို့ သုံးယောက်သေ (ရုပ်/သံ)

ချောင်းဦးမြို့နယ်၊ သံလွင်မြန်မာဆီဆိုင်ရှေ့မှာ ဆတ်ကြေးကောက်နေတဲ့စစ်သားတွေကို ကားဖြင့် ရုတ်တရက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မခံရလို့ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People's Defence Force - South Monywa က ထုတ်ပြန်ပါတယ်၊၊
Read More

မြိုင်ပကဖ ရဲ့ NCO အကြပ်သင်တန်း ဆင်းပွဲကျင်းပ (ရုပ်/သံ)

မြိုင်-ပကဖက ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်း၊ အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မင်းတပ်မြို့က စစ်ကောင်စီအထိုင်ချစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းယူနိုင်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဝေါမြို့နယ် သူရဲသူမိန်ရွာတွင် ရွေးကောက်ပွဲ လုံခြုံရေးယူထားသည့် စစ်အုပ်စုကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရွာမှာ ရွေးကောက်ပွဲလုံခြုံရေးယူထားတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  ပဲခူးခရိုင် ပကဖ  ကဒီနေ့ထုတ်ပြန် ထားပါတယ်။
Read More

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ၂ ပွင့်ဗိုလ်အပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။