တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၂၅) တပ်ရင်းမှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) က စစ်သား ၅ ယောက်ကို လောင်းလုံး ပကဖ က သွားရောက်ခေါ်ထုတ်နိုင်ခဲ့ပြီး အလင်းဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ခေါ်ထုတ်လာနိုင်ခဲ့တဲ့ အလင်းဝင် တပ်သားတွေထဲက လောင်းလုံးပကဖနဲ့ တော်လှန်ရေးအတွင်း ဆက်လက်တာဝန်ထမ်းဆောင်မယ့်သူတွေ ရှိသလို အချို့ကတော့ ပြည်ပနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။ 

အလင်းဝင်ရောက်လာသူ ၅ ယောက်ကို ဆုကြေးငွေတွေ ချီးမြှင့်ခဲ့သလို အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး လက်နက်နဲ့ အလင်းဝင်လာမယ်ဆိုရင် ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ်လို့လည်း လောင်းလုံး ပကဖ က အသိပေးထားပါတယ်။ 

စစ်ကောင်စီလက်အောက်ကနေ အချိန်မီ ထွက်ခွာပြီး အလင်း၀င်ရောက်လိုသူတွေအနေနဲ့ စိတ်ချလက်ချ ချိတ်ဆက်၀င်ရောက်နိုင်စေဖို့ စီစဉ်နေပြီး စစ်ကောင်စီလက်အောက်မှာ အသက်ပေးတိုက်ခိုက်ရတာထက် ပြည်သူ့ရင်ခွင်မှာ အသက်ပေးရင်ဆိုင်ဖြတ်သန်းရတာက ပိုအဓိပ္ပါယ်ရှိတယ်လို့လည်း လောင်းလုံး ပကဖ က ဆိုထားပါတယ်။

တိုက်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်ရရင် ငဲ့ညှာနိုင်မှာမဟုတ်ဘဲ ကြိုတင်ချိတ်ဆက် အလင်း၀င်ရောက်လိုသူတွေကိုတော့ လက်ခံကြိုဆိုသွားမယ်လို့ လောင်းလုံး ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မအူပင် အကျဉ်းထောင်က ထောင်ဝင်စာ ဈေးကွက်

ဧရာဝတီတိုင်း၊ မအူပင်အကျဥ်းထောင်မှာ အကျဥ်းချခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့်တောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက ငွေကြေးတောင်းယူမှုတွေရှိနေပြီး ငွေကြေးပေးနိုင်တဲ့သူတွေကိုသာ ဦးစာပေး တွေ့ခွင့်ပေးနေကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သား၁၂ယောက် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ မှ ကျဆုံးရဲဘော် တပ်ခွဲမှူး တုတ်ကြီးနှင့် ရဲဘော် Fire အတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြု…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။