မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စလင်းမြို့နယ်၊ ဘတောစိမ့်ရွာအနီးရှိ စစ်ကောင်စီရဲ့ ခလရ ၂၅၅ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်နဲ့အတူ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူဟာ မြန်မာစစ်ရှုံး တပ်မတော်ထုတ် MA1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၀၀ တောင့်နဲ့ အလင်းဝင်လာတာဖြစ်ပြီး ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတဝန်း အရပ်သားပစ်မှတ်များပါမချန် လေယာဥ်နှင့် ဗုံးကြဲနေသည့် စစ်ကောင်စီက EROs များ အပစ်ရပ်ကြေညာမှု လိုက်နာဖို့ ပြောပြန်

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EROs) အပစ်ရပ်ကြေညာမှု လိုက်နာဖို့ တိုက်တွန်းကြောင်း ပြောဆိုလိုက်ပြန်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခလရ (၂၃၅) မှ အဓမ္မစစ်မှုထမ်း တပ်သား ၅ ဦး နွားထိုးကြီး PDF ဆီ လက်နက်နှင့်တကွ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း - Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။