မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ အမှတ် ၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း စစ်ရေး လှုပ်ရှားမှုနယ်မြေအတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ အုန်းတောရွာသို့ အင်အား အပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲ ၂ နာရီကျော်ကြာဖြစ်ပွားခဲ့ကာ လက်နက်အင်အားမမျှတဲ့အတွက် တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရပြီး အုန်းတောရွာနဲ့ မြောင်းခြားရွာ ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းများနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ ဒေါင်းစစ်အောင် (LPDF) နှင့် Burma Army (BA) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တပ်ခွဲမှူး နဂါလေး (ခ) နိုင်ထက်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ် ပြန်ဖွင့် (ရုပ်/သံ)

တရုတ်အစိုးရနဲ့ KIO ခေါင်းဆောင်တွေရဲ့ ဆွေနွေးမှုရလဒ်အဖြစ် တရုတ်ဘက်ခြမ်းနဲ့ KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာနယ်စပ်က ဂိတ်အားလုံးကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြောင်း စစ်သုံ့ပန်း စစ်ကောင်စီဗိုလ်ကြီး ဝန်ခံ (ရုပ်/သံ)

ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းဗိုလ်ကြီး အောင်ကျော်ဇင်ဆိုသူဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

ရေဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကော်မရှင် အရာရှိအပါ စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းကျင်းပပြုလုပ် (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားမှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (MOD)မှ ထုတ်ပြန်ထားပါတယ်။