စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အမြောက်အမြားရှိခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ရက်နေ့ မနက် ၁၁နာရီကျော်က ချောင်းဦးအနီး မန်းလေး- မုံရွာလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာစဉ် လမ်းပိုင်းမှာ အသင့်ပြင်ထားတဲ့ မိုင်းကွင်းနားကို ရောက်လာတာကြောင့် ပဒေသာမိုင်း (၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့  People’s Defence Force-South Monywa က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးခန်းတွေကို ဒီဇင်ဘာ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ”ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ''ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၅/၂၀၂၅"
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

ရန်ကုန်-ပြည် လမ်းမမှာ ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-ပြည်လမ်းမပေါ်  မိုင်တိုင် အမှတ် (၁၇၇/၁) မှာ ဇန်နဝါ ရီ ၂၇ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

ထိုင်းနိုင်ငံကို ပုန်ကန်မယ့်သူတွေကို လက်ခံသွားမယ်လို့ အကြမ်းဖက်စစ်တပ်လော်ဘီ သဇင်ဦးပြော (ရုပ်/သံ)

ပြုံးပြုံးလေးရုပ်ရှင်ကို ပြသခွင့်ပေးတဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် ထိုင်းနိုင်ငံနဲ့ ထိုင်းဘုရင့် တပ်မတော်ကို ပုန်ကန်မယ့်သူတွေကို မြန်မာနိုင်ငံအတွင်း လက်ခံသွားဖို့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံသူ စစ်လော်ဘီ သဇင်ဦးက ပြောကြားခဲ့ပါတယ်။ ''ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့်တပ်မတော်ကို တော်လှန်ပုန်ကန်မယ့်သူတွေကို ကျွန်မတို့ နိုင်ငံထဲမှာ ခေါ်ထားမယ်။ ခေါ်ပြီး command ပေးခိုင်းမယ်။ ငါတို့နိုင်ငံထဲမှာနေ ပြီးရင် မင်းတို့အစိုးရကို ပုန်ကန်။ ဒီမှာ စင်ပြိုင်အစိုးရဖွဲ့၊ ဆန္ဒပြတွေ ပြခိုင်း၊ ငါတို့နိုင်ငံထဲမှာ အေးဆေးနေ'' လို့ သဇင်ဦးက ပြောကြားခဲ့ တာပါ။