ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အပါအဝင် လူကုန်ကူးမှုတွေ လုပ်ကိုင်နေသူတွေကို ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့က ကာကွယ်ပေးနေတာကြောင့် BGF ခေါင်းဆောင်ဖြစ်သူ စောချစ်သူကို ထိုင်းအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်က တိုက်တွန်းပြောဆိုလာပါတယ်။ 

ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်မှာ ထိုင်းလွှတ်တော်အမတ်ဖြစ်သူ Rangsiman Rome က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

“အစိုးရအနေနဲ့ မောင်ချစ်သူကို ပြင်းပြင်းထန်ထန် အရေးယူရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်၊ သူ့ရဲ့လုပ်ရပ်တွေဟာ နိုင်ငံပြင်ပမှာ ဆိုပေမယ့် ထိုင်းနိုင်ငံအတွက်လည်း အများကြီး သက်ရောက်မှုရှိနေပါတယ်၊ အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ Rangsiman Rome က ရေးသားခဲ့တာပါ။ 

(ဓာတ်ပုံ Rangsiman Rome’s Facebook)

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ စတင်ပြီး ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ ဘုရားသုံးဆူနဲ့ မြဝတီမြို့တို့ကို လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားခဲ့ပါတယ်။ 

BGF ဘက်ကတော့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်မှုတွေကို လက်မခံသလို နိုင်ငံတကာနဲ့လည်း ပူးပေါင်းတိုက်ဖျက်သွားမှာဖြစ်ပြီး သူတို့ဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသူတွေ မဟုတ်ဘဲ မြေငှားတဲ့ မြေရှင်သာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။ 

ကရင်နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူကို အရေးယူဖို့ တောင်းဆိုလိုက်တဲ့ Rangsiman Rome ဟာ ထိုင်းလွှတ်တော်အမတ် ဖြစ်သလို Move Forward ပါတီရဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကော့မြစ်ရေညစ်ညမ်းမှုကိစ္စ မြန်မာနှင့် ဆွေးနွေးရန် ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ မြန်မာလူမျိုးများ ပြုလုပ်သည့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေဟာ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားနဲ့ မြန်မာအကြမ်းဖက် စစ်ကောင်စီတို့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ထိုး

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ နယ်မြေတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်မှုကို အထူးသတိပြုမိတယ်” လို့ ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov က စိန့်ပီတာစဘတ်မြို့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကန်ဇော်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီးမှာ ပြောကြားခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ ICT အလွဲသုံးစားမှု၊ ဆိုက်ဘာလိမ်လည်မှု စင်တာများနှင့် အတုအယောင်ရွေးကောက်ပွဲ အန္တရာယ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။