‘ကမ္ဘာမကြေဘူး’ သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စျာပန အခမ်းအနားကို ဂီတနဲ့ အနုပညာလောကသားတွေ အပါအဝင် နိုင်မြန်မာကို ချစ်ခင်လေးစားတဲ့ ပရိသတ်တွေလည်း လာရောက်ခဲ့ကြပါတယ်။ 

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ တေးရေး နိုင်မြန်မာဟာ  ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းက ရန်ကုန်၊ သန်လျင်မြို့ နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

တေးရေး နိုင်မြန်မာဟာ ဝါဆို၊ ဒုံးယိမ်းည၊ ချစ်လူမိုက်၊ တူနှစ်ကိုယ်တိုင်းပြည်၊ ပလက်ဖောင်းရှိုး၊ အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ စတဲ့ သီချင်းကောင်းများစွာကို ရေးသားခဲ့တဲ့အပြင် မြန်မာ့တော်လှန်ရေးမှာ အစဉ်အလာကြီးတဲ့ ကမ္ဘာမကြေဘူး သီချင်းကို မြန်မာပြည်သူတွေအတွက် ဖန်တီးရေးသားပေးခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ကို ဆေးဝါးမလုံလောက်မှုများကြားမှ ခက်ခက်ခဲခဲ ကုသနေရ

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိ‌သူ အယောက် ၁၀၀ ကျော်အတွက် ဆေးဝါး၊ ကိရိယာ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေကြားထဲကနေ CDM ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံးကုသပေးနေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရ..

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။