တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီ ၃၀ မိနစ်မှာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ ရေခဲစက်ရုံဟောင်းကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ၁နာရီ ၄၁မိနစ်အချိန်မှာလည်း ကျောက်နီမော်ရွာ၊ ဘုရားတောင် တာဝါတိုင်ကုန်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ရန်သူ့တပ်သား၂ယောက် သေဆုံးပြီး ၄ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

နောက်တစ်ရက် ဇန်နဝါရီလ ၂၆ရက် နေ့လည် ၁၀နာရီ ၃၀မိနစ်အချိန်မှာလည်း ဘုရားတောင် တာဝါတိုင်ကုန်းကို ဒရုန်းဗုံးသီး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂နာရီ ၁၀မိနစ်အချိန်မှာ ကျောက်နီမော်ရွာ ရေခဲစက်ရုံဟောင်း လက်နက်ကြီးပစ်ကွင်းကို ဒရုန်းဗုံးသီး တစ်လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ စစ်သား ၄ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“သေဆုံးဆိုရင်တော့ ၆ကောင်သေ ၄ကောင်ဒဏ်ရာရတာကိုပဲ အတည်ပြုနိုင်သေးတယ်ဗျ၊ ဖမ်းဆီးတာတွေ ပုံမှန်ရှိပါတယ်၊ စစ်မှုထမ်းကိစ္စနဲ့ ပေါ်တာဆွဲတာတွေရောပေါ့၊ ဒရုန်းနဲ့ကြဲလို့ ပြည်သူတွေကို ဖမ်းတာမျိုးတော့မရှိဘူးဗျ” လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အဲဒီနောက် ဇန်နဝါရီ ၂၈ ရက်နေ့၊ ည ၉နာရီခန့်အချိန်မှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ‌ဘော်တွေက လောင်းလုံးမြိုနယ် မောင်းမကန်ရဲစခန်းကို ရှောင်တခင် သွားရောက်ပစ်ခတ်ခဲ့ရာ ပစ်ခတ်နေစဉ်အတွင်း လက်နက်မတော်တဆမှုကြောင့် လောင်းလုံးပကဖ ရဲဘော်တစ်ယောက် မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထား၀ယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က နတလရုံး၊ လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊ လောင်းလုံးမြို့နယ် ရဲစခန်း စတဲ့ စစ်ကောင်စီတပ်နေရာတွေကို ဒရုန်းနဲ့  ဗုံးသီးတွေ ကြဲချတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ဒရုန်းတိုက်ခိုက်မှုတွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ TPLF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ စစ်ရေးသတင်းတွေကို အမြဲမပြတ်နားစွင့်ထားဖို့၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးအဆံတွေ၊ မိုင်းနဲ့ လက်နက်ခဲယမ်းအကြွင်းအကျန်တွေကို  ကိုင်တွယ်ထိတွေ့ခြင်း မပြုကြဖို့နဲ့ တွေ့ရှိရင် ဆက်သွယ်အကြောင်းကြားပေးကြဖို့ကိုလည်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။