ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်းရေတပ်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက် သောကြာနေ့က ကော့ခန်းခေါင် အနောက်တောင်ဘက် ထိုင်းရေပိုင်နက်ထဲ ဝင်ရောက်ခဲ့တဲ့ ငါးဖမ်းစက်‌လှေတွေနဲ့ လှေသားတွေကို ဖမ်းဆီးခဲ့ပြီး စနေနေ့ မနက်ပိုင်းမှာတော့ ဒေသန္တရဆိပ်ကမ်းတစ်ခုကို ပို့ဆောင်ခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ယာဉ်တွေကို စစ်ဆေးရာမှာ လှေတစ်စီးရဲ့ ကပ္ပတိန်ဟာ ရေကြောင်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ မရှိသူဖြစ်နေပြီး လှေကလည်း အလံမလွှင့်ထားကြောင်း၊ လှေထဲမှာ ငါးဖမ်းကိရိယာတွေလည်းမရှိသလို လှေဝမ်းကလည်း ဟင်းလင်းဖြစ်နေတာကြောင့် တရားမဝင်လုပ်ငန်းနဲ့ သံသယရှိဖွယ်ဖြစ်ကြောင်း၊ နက်ရှိုင်းတဲ့ကိုယ်ထည်ရှိပြီး အင်ဂျင် ၃ လုံး တပ်ဆင်ထားတဲ့ ဒုတိယလှေမှာတော့ အကောက်ခွန် ကြေညာထားခြင်းမရှိတဲ့ ဒီဇယ် လီတာ ၂၀၀ တိုင်ကီ ၈ လုံးကို တွေ့ရှိရကြောင်း သိရပါတယ်။

ထိုင်းရေတပ်မှ တာဝန်ရှိသူများသည် ရနောင်းခရိုင်ရှိ ဆိပ်ကမ်းတစ်ခုသို့ မြန်မာသင်္ဘောသားများနှင့်အတူ ငါးဖမ်းသင်္ဘောနှစ်စင်းကို စနေနေ့အစောပိုင်းတွင် ပို့ဆောင်ပေးခဲ့သည်။ (ဓာတ်ပုံ Khammakorn Khao Facebook)

ယာဉ်တွေပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ရဲ့ လက်ကိုင်ဖုန်းတွေကို ဆက်လက်စစ်ဆေးဖို့ သိမ်းဆည်းခဲ့ကြောင်း၊ သူတို့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ သင့်တော်တဲ့ အထောက်အထားမရှိမှုနဲ့ လောင်စာမှောင်ခိုသွင်းမှုတို့အပါအဝင် အမှု ၅ခုနဲ့ ကနဦး တရားစွဲဆိုထားကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမှာ ပုစွန်ငါးပိ မှောင်ခိုတင်သွင်းတဲ့ မြန်မာငါးဖမ်းလှေတစ်စီးနဲ့ လှေသား ၆ယောက်တို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အခုလို ဖမ်းဆီးရမိမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အထူးသဖြင့် နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီရေတပ်က ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ပြီး ထိုင်းနိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးခဲ့ရာက ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာကို ပြသနေတာဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်မယ့်သတင်းတွေကို ထိုင်းအစိုးရက ခဏခဏထုတ်ပြန်ခဲ့ပေမယ့် အခုထိ ပြန်လွတ်လာခြင်းမရှိသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ ထိုင်းအစိုးရကလည်း စစ်ကောင်စီအာဏာပိုင်တွေနဲ့တွေ့ဆုံခဲ့ကြောင်း၊ သူတို့ပြန်လွတ်ရေး ကြိုးပမ်းမှုတွေ ရပ်ထားမှာ မေ့ထားမှာ မဟုတ်ကြောင်း၊ ထိုင်း-မြန်မာဆက်ဆံရေးကြောင့် ထိုင်းအနေနဲ့ သတိကြီးကြီး၊ စိတ်ရှည်ရှည်နဲ့ ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ပြောဆိုထားပါတယ်။

မူရင်းသတင်း – Myanmar fishermen charged after entering Thai waters near Ranong

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ဒီဇင်ဘာလ ၇ရက် မနေ့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ "နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ" ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်တဲ့ "စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ" တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် ထိုင်း ရဲ ၄ ဦးနဲ့ မြန်မာ ၁ ဦးအပါ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

TPS ရုပ်သိမ်းမှု အမေရိကန်ရောက် မြန်မာ ၄,၀၀၀ နီးပါးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိ၊ လုံခြုံရေးအခြေအနေအပေါ် မှားယွင်းစွာ အကဲဖြတ်ခြင်းဟုဆိုကာ HRW ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီ ကာကွယ်ပေးထားတဲ့ အခြေအနေ (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။